iPad Air 3 တွင် Apple Pencil အထောက်အပံ့ ပါဝင်ဖွယ်ရှိ

iPadPro_Pencil-Hand-PRINT.jpg

မတ်လတွင် Apple က iPad Air 3 ကို မိတ်ဆက်ပေးဖွယ်ရှိကြောင်းနှင့် ၎င်း tablet သစ်တွင် Apple Pencil အထောက်အပံ့ပါဝင်ဖွယ်ရှိကြောင်း ကောလာဟလသတင်း ထွက်ပေါ်လာခဲ့သည်။

9to5Mac ၏အဆိုအရ Apple သည် ၎င်း၏ stylus နှင့် တွဲဖက်သုံးနိုင်မည့် ၉.၇ လက်မ screen ကို စမ်းသပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် Apple Pencil ကို သုံးနိုင်သည့် ထုတ်ကုန်မှာ iPad Pro တစ်မျိုးတည်းသာရှိသည်။

iPad Air 3 တွင် ကင်မရာအတွက် ကျောဘက်၌ flash တစ်ခုပါဝင်လာဖွယ်ရှိသလို iPad Pro နှင့် ယှဉ်ပြိုင်နိုင်မည့် စပီကာလည်း ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။

ကောလာဟလသတင်းဖော်ပြချက် မှန်ကန်ခဲ့ပါက Apple အနေဖြင့် မတ်လ တတိယပတ်တွင် ပွဲတစ်ခုကျင်းပဖွယ်ရှိသည်။ ပွဲကျင်းပမည့် ရက်အတိအကျကိုမူ မသိရှိရသေးပေ။

Ref: TheNextWeb