Harman/Kardon Bluetooth Speaker Esquire mini

Harman-Kardon-Bluetooth-Speaker-Esquire-mini--TD-online-product-2016JAN20.jpg

Harman/Kardon Esquire mini Bluetooth Speaker ၏ကိုယ်ထည်ကို သားရေဖြင့် ဖုံးအုပ်ထားပြီး Aluminium frame ဖြင့် ဘောင်ကွပ်ကာ အလှဆင်ထားသည်။ Bluetooth version 4.1 ဖြစ်ပြီး 8W Speaker ပါဝင်သည်။ 2000mAh ရှိသော Battery ကို အသုံးပြုထားပြီး အားအပြည့်သွင်းထားပါက ၈ နာရီ အသုံးပြုနိုင်မည်ဖြစ်သည်။ USB out for charging port ပါရှိသည့်အတွက် Power Bank အနေဖြင့်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။ Bluetooth ဖြင့်သာမက Audio ကြိုးဖြင့်ပါ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၁၈၉,၀၀၀ ကျပ်ဖြစ်သည်။ TMW Enterprise Limited မှ မြန်မာတစ်နိုင်ငံလုံးသို့ တရားဝင်ဖြန့်ချိလျက်ရှိပြီး Wai Yan Electronics ဆိုင်များနှင့် Banana ဆိုင် (သို့) ဖုန်း၊ ၄၀၀၇၇၁ – ၄၀၀၇၇၆ လိုင်းခွဲနံပါတ် (၂၃၉/၂၄၇) ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။