Red Dot ဆိုင်ပေါင်း တစ်သောင်း ပြည့်လာ

dot.jpg

မြန်မာနိုင်ငံအတွက် Red Dot ဆိုင်ပေါင်း တစ်သောင်း ပြည့်လာပြီဖြစ်ကြောင်း သိရသည်။

Red Dot ကို ၂၀၁၄ ခုနှစ် မေလတွင် စတင်တည်ထောင်ပြီး မြန်မာနိုင်ငံအတွင်း လုပ်ငန်းများကို ဇန်နဝါရီ ၂၀၁၅ တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အီလက်ထရောနစ် မိုဘိုင်း ငွေဖြည့်သွင်းမှုဆိုင်ရာ ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါ အရေအတွက်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စုစုပေါင်း ဆိုင်အရေအတွက်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ဆိုင်အရေအတွက် အများဆုံးဖြစ်ကြောင်း၊ မြို့အချို့တွင်လည်း တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးသုံးမြို့တွင် ဆိုင်အရေအတွက် တိုးချဲ့ခြင်းများကို ကနဦး ဆောင်ရွက်နေဖြင်းဖြစ်ပြီး နောက်ပိုင်း ဒုတိယမြို့ကြီးများ၊ အခြားမြို့များ စသည်ဖြင့် အဆင့်လိုက် ဆောင်ရွက်သွားမည် ဟုသိရသည်။

လက်ရှိ Red Dot အမှတ်အသားရှိ ဆိုင်များတွင် ဖုန်းအမျိုးအစား အားလုံးအတွက် ငွေဖြည့်ကတ်ဖြည့်ပေးခြင်းကို ဝန်ဆောင်မှုပေးလျက်ရှိပြီး Red Links အင်တာနက် ဘီလ်ဖြည့်ခြင်းကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ နောက်ပိုင်းတွင် အခြား ဘီလ်ဖြည့်ပေးခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်အရေအတွက် ၁၀,၀၀၀ မြောက် ဆိုင်ပိုင်ရှင်နှင့် အတူ Red Dot ၏ ပထမဆုံးမွေးနေ့ပွဲကို Park Royal Hotel တွင် ကျင်းပခဲ့သည်။ Ret Dot ၏ ဆိုင်အရေအတွက် ၉,၉၉၉ ဆိုင်မြောက် ဆိုင်ပိုင်ရှင် ကိုပိုင်အောင်စိုးနှင့် ကရင်ပြည်နယ်မှ လာရောက်သည့် ၁၀,၀၀၀ ဆိုင်မြောက် ဆိုင်ပိုင်ရှင် ကိုအာကာ တို့အား ဂုဏ်ပြု လက်ဆောင်များပေးခဲ့ကြောင်း သိရသည်။