FAR CRY 4

game_review_15-47-1.jpg

ပုံမှန် Story Based First Person Shooter ဂိမ်းအဖြစ် စတင်ခဲ့ပြီး ဒုတိယမြောက် Far Cry 2 မှာတော့ Open World Africa တိုက်အတွင်း ဇာတ်လမ်းဆင်ခဲ့ပါတယ်။ Far Cry 3 မှာ Open World Tropical Island ကျွန်းစုတွေမှာ ကစားခဲ့ရတဲ့ Far Cry ဂိမ်းစီးရီးအနေနဲ့ဖြစ်ပြီး Far Cry 4 မှာတော့ သူ့ရဲ့အောင်မြင်ပြီး formula ဖြစ်တဲ့ Open World ဂိမ်းနဲ့ ကျယ်ပြန့်တဲ့မြေပုံတွေ ပါဝင်ထားပြီး Nepal နိုင်ငံတွင်းက စိတ်ကူးယဉ် နယ်မြေတစ်ခုဖြစ်တဲ့ Kyrat မှာ ဇာတ်လမ်းဆင်ထားပါတယ်။ စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ Shadows of Mordor၊ The Evil Within၊ Call of Duty – Advanced Warfare လို နာမည်ကြီး ဂိမ်းပေါင်းများစွာ ထွက်ရှိပြီးနောက် နိုဝင်ဘာလထဲမှာ ထွက်ရှိလာတဲ့ Far Cry 4 ဟာ ၂၀၁၄ ရဲ့နောက်ဆုံးသော ဂိမ်းကောင်းတွေထဲက တစ်ခုလို့ပြောလို့ရမှာပါ။ Main Story mode, Co-op Story
mode နဲ့ Multiplayer mode တွေအပြင် ရန်သူဘုရင် Pagan Min ရဲ့စခန်းတွေကို လိုက်လံဖျက်ဆီးခြင်းနဲ့ အမဲလိုက်ခြင်း အစရှိတဲ့ Far Cry 4 ရဲ့ side missions တွေကြောင့် အရင်မပြီးဆုံးသေးတဲ့ ဂိမ်းဟောင်းတွေကို ပြန်ကစားဖို့ အားချင်မှ အားတော့မှာပါ။

Far Cry 4 ရဲ့ Story Mode မှာ ကစားသူဟာ Himalaya တောင်တန်းတွေကြားက Kyrat နိုင်ငံကို ခရီးနှင်ရာက စတင်ထားပြီး သေဆုံးသူမိခင်ရဲ့ တောင်းဆိုမှုအရ မိခင်ရဲ့အရိုးပြာတွေကို သူမမွေးရပ်မြေမှာ စွန့်ပစ်ဖို့ Kyrat သို့ပြန်လာရင်း ဘုရင်ဆိုး Pagan Min နှင့် ဆုံတွေ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ရပုံ ဇာတ်လမ်းက ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ အရင် Far Cry ဂိမ်းတွေမှာ American နိုင်ငံသားအဖြစ် ကစားရမှာဖြစ်ပေမယ့် Far Cry 4 ရဲ့အဓိက ဇာတ်လိုက်ကတော့ American နိုင်ငံတွင်းကြီးပြင်းခဲ့သူ Nepal နိုင်ငံသား Ajay Ghale နေရာက ဝင်ရောက်ကစားရမှာပါ။ Far Cry 4 ဂိမ်းကို စတင်ကြော်ငြာစဉ်ကတည်းက မြန်မာပြည်က ပရိသတ်ကို စိတ်ဝင်စားစေခဲ့တဲ့ အချက်ကတော့ main villain Kyrat ဘုရင်ရဲ့နာမည် Pagan Min ပဲ ဖြစ်ပါတယ်။ အမည်ရင်း Gang Min ကနေ Pagan
Min ဟာ မြန်မာနိုင်ငံ ၁၈ ရာစု ကုန်းဘောင်ခေတ်က ဖခင်ကို သတ်ပြီးနန်းလုခဲ့တဲ့ ပုဂံမင်းအမည်ကို ယူထားတာဖြစ်ပြီး ဝါရင့်အသံသရုပ်ဆောင် Troy Baker ကို အသုံးပြုထားလို့ video game villain တွေထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ဖြစ်သလို Vaas အပြင် Golden Path တော်လှန်ရေးအဖွဲ့မှ စိတ်ဝင်စားဖွယ် ဇာတ်ကောင်တွေကိုလည်း နောက်ပိုင်းမှာ ဆုံတွေ့နိုင်မှာပါ။

Far Cry 4 ရဲ့ Story mode ဟာ စိတ်ဝင်စားဖွယ်ဇာတ်လမ်းနဲ့ Kyrat နိုင်ငံတွင်းရှုခင်းများ၊ ကောင်းမွန်တဲ့ character design နဲ့ အသံသရုပ်ဆောင်ပိုင်းတွေကြောင့် အစမှအဆုံး ပရိသတ်ကို ဆွဲဆောင်နိုင်မှာဖြစ်
သလို side mission တွေ အများကြီးလုပ်ရတာ ဝါသနာမပါသူတွေတောင်မှ story mode သီးသန့်ကစားရုံနဲ့တင် ကစားလို့တန်မှာပါ။ Gameplay ပိုင်းကတော့ Open World နှင့် FPS gameplay ကို ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် Far Cry 3 နှင့် ပုံစံအတော်ဆင်ပေမယ့် အမြင်ပိုင်းသာယာပြီး  တောရိုင်းတိရိစ္ဆာန်ပေါင်းများစွာ ပါဝင်တဲ့ သစ်တောနဲ့ ကြီးမားတဲ့ တောင်တန်းတွေပါ ပါဝင်တဲ့မြေပုံအတွင်း Glider, Wing Suit၊ Chopper အသေးစားတွေနဲ့ ကားမျိုးစုံအစရှိတဲ့ သယ်ယူပို့ဆောင်ရေးစနစ်မျိုးစုံကို အသုံးပြုနိုင်တဲ့အတွက် အရင်ကထက်ပိုပြီး ကစားလို့ ပိုသွက်တာကို တွေ့ရပါတယ်။

Far Cry 4 ရဲ့ side missions၊ မြေပုံတွေ ပွင့်အောင်လို့ Pagan Min ရဲ့ Fortress တွေနဲ့ Bell Tower တွေကို ဝင်ရောက်စီးနှင်းရမှာ ဖြစ်ပါတယ်။ ရန်သူစခန်းတွေကို လိုက်လံသိမ်းဆည်းပြီးတော့လည်း နယ်မြေသစ်တွေ ချဲ့ထွင်နိုင်သလို တိုက်ပွဲအတွင်း ဆင်တွေ၊ ကျားတွေ ပါဝင်လာတာကလည်း gameplay ကို ပိုသွက်စေပါတယ်။ ဇာတ်လမ်းတက်ရင်လည်း လက်နက်အသစ်တွေ ရရှိလာမှာဖြစ်သလို ရန်သူတွေ ဆီက သို့မဟုတ် side mission တွေ အောင်နိုင်လို့ ရရှိတဲ့ပိုက်ဆံနဲ့ လက်နက် upgrade များ ပြုလုပ်နိုင်မှာပါ။ Experience point စနစ်လည်း ပါဝင်ပြီး stealth အသားပေးကစားသူများအတွက် stealth takedown နှင့် melee attack upgrade အစွမ်းမျိုးစုံ၊ ခံနိုင်ရည်မြှင့်တင်ပေးမယ့် defensive ability မျိုးစုံတို့ကို The Tiger နှင့် The Elephant ဆိုပြီး နှစ်မျိုးခွဲပေးထားပါတယ်။ Side Missions အနေနဲ့ စိတ်ကူးယဉ်ဆန်တဲ့ Shangri la  နယ်မြေကို ရောက်ရှိသွားပုံ Mission တွေလည်း ပါဝင်ထားပါတယ်။

Far Cry 4 ဟာမူလ Far Cry ဂိမ်းတွေနဲ့ ဇာတ်လမ်းဆက်စပ်မှုမရှိသလို Open World ဂိမ်းတွေထဲမှာ စိတ်ဝင်စားဖွယ် အကောင်းဆုံး ဂိမ်းတစ်ခုဖြစ်တဲ့ အတွက်ကြောင့် မူလ Far Cry ပရိသတ်ရော Open World နှင့် FPS ဂိမ်းပရိသတ်တွေပါ ကစားသင့်တဲ့ ဂိမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
-နေအောင်လတ် (mmgamers.com)