HP Spectre x2

HP-Spectre-x2-SH-hp-2016jan19.jpg

USD- 1,149.99

အားသာချက်

HP Spectre x2 သည် ပါးလွှာ တောင့်တင်းသော ဒီဇိုင်းရှိပြီး Microsoft ၏ Surface Pro တွင် ပါဝင်သော ကီးဘုတ်ထက် အနည်းငယ် ထူထဲသော ကီးဘုတ်တစ်ခုလည်း ထုတ်လုပ်ထားသည်။ ကီးဘုတ်ကိုမူ tablet ဝယ်ယူရာ၌ တစ်ပါတည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် မိုဘိုင်း broadband အင်တာနာပါဝင်ပြီး အင်တာနက်ကို ခရီးသွားလာစဉ်အတွင်း အလွယ်တကူ အသုံးပြုနိုင်မည် ဖြစ်သည်။

အားနည်းချက်

Tablet တွင် ပါဝင်သော ထောက်တိုင်မှာ သုံးစွဲရာတွင် အခက်အခဲ တွေ့စေသည်။ ၎င်း၏ ပရိုဆက်ဆာမှာ အခြားတန်ဖိုးကြီး hybrids (tablet နှင့် laptop နှစ်မျိုးစလုံး သုံးစွဲနိုင်သော ထုတ်ကုန်) ထက်နှေးကွေးသည်။ ဘက်ထရီ သက်တမ်းမှာလည်း ထင်မှတ်ထားသလောက် ကောင်းမွန်ခြင်း မရှိပေ။

အသေးစိတ်ဖော်ပြချက်

HP Spectre x2 ကိုကန်ဒေါ်လာ ၇၉၉ ဖြင့်စတင် ရောင်းချပြီး ကီးဘုတ်လည်း ပါဝင်သည်။ ထို့အပြင် သီးခြားဝယ်ယူနိုင်သော မိုဘိုင်း broadband အပြင် USB-C port များ၊ Intel ၏ RealSense 3D ကင်မရာနှင့် ဒုတိယမျိုးဆက် Intel Core M ပရိုဆက်ဆာများ ပါဝင်သည်။ Core M ပရိုဆက်ဆာများသည် Surface နှင့် အခြား hybrid ထုတ်ကုန်ရှိ Core i3/i5/i7 ချစ်ပ်များထက် ပိုမိုကောင်းမွန်သော ဈေးနှုန်းနှင့် စွမ်းဆောင်ရည် ရွေးချယ်ခွင့်ရှိသည်။

HP Spectre x2 ၏ဈေးနှုန်း အမြင့်မားဆုံး ဗားရှင်းတွင် Intel Core m7 CPU, SSD 256GB နှင့် RAM 8GB ပါဝင်ကာ ကန်ဒေါ်လာ ၁,၁၄၉ ကျသင့်မည်ဖြစ်သည်။ ၎င်းတွင် ကီးဘုတ်ကာဗာလည်း ပါဝင်မည် ဖြစ်သည်။

HP Spectre x2 ၏မျက်နှာပြင်သည် iPad, Surface Pro သို့မဟုတ် အခြား tablet တွင် အသုံးပြုထားသော display နှင့်ဆင်တူသည်။ Tablet ၏ဘေးအစွန်းများတွင် ခလုတ်နှင့် port များထည့်သွင်းထားပြီး display တစ်ဝိုက်တွင် အနက်ရောင် ဘေးဘောင်များ ထည့်သွင်းထားသည်။ ဒီဇိုင်းပိုင်းမှာ Surface Pro 4 နှင့်ဆင်တူသလို ၎င်းထက် အနည်းငယ်ကြီးမားသည်။

Spectre x2 တွင် USB-C port နှစ်ခုနှင့် microSD ပေါက်နှင့် SIM ထည့်သော အပေါက်ပါဝင်သလို အောက်ဘက်တွင် ကီးဘုတ်တပ်ဆင်နိုင်သည့် သံလိုက်ချိတ်ဆက်မှု တစ်ခုလည်း ပါဝင်သည်။

ကီးဘုတ်သည် သတ္တုမျက်နှာပြင်တွင် ခလုတ်များဖြင့် ဖန်တီးထားပြီး လက်ကောက်ဝတ်ကို မထိခိုက်စေသလို ကီးဘုတ်ကိုခေါက်၍ သယ်ဆောင်နိုင်ရန်လည်း ဖန်တီးထားသည်။ Spectre x2 နှင့်ကီးဘုတ်ချိတ်ဆက် လိုက်သည့်အခါ အပိုပါဝင်သည့် စပီကာလေးများကို အသုံးပြုနိုင်မည် ဖြစ်သည်။ အခြား HP ထုတ်ကုန်များကဲ့သို့ပင် ၎င်းစပီကာများကို Bang &Olufsen မှဖန်တီး ပေးထားသည်။

မျက်နှာပြင်အရွယ်မှာ ၁၂ လက်မရှိပြီး HD ရုပ်ထွက် အရည်အသွးဖြစ်သော 1,920×1,080 ရှိသည်။ Spectre x2 display သည် ရှုထောင့်မျိုးစုံမှာ ပြတ်သားသော ရုပ်ပုံများ ကြည့်ရှုရန် IPS display ကိုအသုံးပြုထားသည်။

ဘက်ထရီ

HP Spectre x2 ဖြင့် အွန်လိုင်း ဗီဒီယိုများ ကြည့်ရှုရာတွင် ၆ နာရီ မိနစ်အထိ တာရှည်ခံသော်လည်း အလုပ်များ ဆောင်ရွက်ရာတွင် တစ်နေကုန် အသုံးမပြုနိုင်ကြောင်း သိရသည်။

Ref: CNET