Network သုံးစွဲမှုများကို Ubuntu OS ပေါ်မှ စောင့်ကြည့်နိုင်ရန် ပြုလုပ်ခြင်း

Ubuntu_vnstat_output.jpg

Ubuntu OS ပေါ်မှနေ၍ Network Traffic နဲ့ Network Bandwidth သုံးစွဲမှုတွေကို စောင့်ကြည့်နိုင်မယ့် Tool တွေ များစွာရှိပါတယ်။ အဆိုပါ Tool တွေဟာ Network တစ်ခုအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာများကို Network Administrator တွေက အလွယ်တကူနဲ့ စောင့်ကြပ်ကြည့်ရှုနိုင်မယ့် အသုံးဝင်မယ့် Tool များလည်း ဖြစ်ပါတယ်။

Nload ဆိုတဲ့ Tool ကတော့ User တွေ Network သုံးစွဲမှုကို စောင့်ကြည့်ပြီး Network Traffic နဲ့ Data Usage တွေကို စောင့်ကြည့်တိုင်းတာ နိုင်မယ့် Tool တစ်ခုဖြစ်ပါတယ်။ Nload ကိုထည့်သွင်း အသုံးပြုမယ်ဆိုရင် Terminal မှာ sudo apt-get install nload ဆိုတဲ့ command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Nload ကိုအသုံးပြုဖို့အတွက် Terminal မှာ sudonload ဆိုတဲ့ command ကိုရိုက်ထည့်ရင် အဆိုပါ Tool ကို Terminal မှာ စတင်အသုံးပြု နိုင်ပါတယ်။

Iptraf ဆိုတဲ့ Tool ကတော့ LAN monitoring tool တစ်ခုဖြစ်ပြီး Local Area Network တစ်ခု အတွင်းမှာရှိတဲ့ IP တွေကို စောင့်ကြည့်နိုင်သလို၊ data စီးဆင်းမှုကိုလည်း ဖော်ပြပေးနိုင်တဲ့ tool တစ်ခုဖြစ်ပါတယ်။ အဆိုပါ tool ကိုထည့်သွင်း အသုံးပြုမယ်ဆိုရင် Terminal မှာ sudo apt-get install iptraf ဆိုတဲ့ command ကို ရိုက်ထည့်ပေးရပါမယ်။ Run ဖို့အတွက်ကတော့ sudoiptraf ဆိုတဲ့ command နဲ့ Run ပေးရမှာ ဖြစ်ပါတယ်။

Vnstat ကတော့ အခြား Net-work Monitor တွေနဲ့ မတူညီတဲ့ tool တစ်ခုဖြစ်ပြီး၊ Network အတွင်းမှာရှိတဲ့ Traffic တွေကိုစောင့်ကြပ် ကြည့်ရှုနိုင်သလို၊ အဆိုပါ Traffic တွေကိုလည်း Log တွေနဲ့ မှတ်တမ်းတင် ထားပေးနိုင်တဲ့ Tool  တစ်ခုဖြစ်ပါတယ်။ Vnstat ကိုထည့်သွင်း အသုံးပြုဖို့အတွက် Terminal မှာsudo apt-get install vnstat ဆိုတဲ့ command ကိုထည့်သွင်း ပေးရပါမယ်။ အသုံးပြုရန် အတွက်ကတော့ Terminal မှာ sudovnstat ဆိုတဲ့ command ကိုရိုက်ထည့်လိုက်ရင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Speedometer tool ကတော့ Download, Upload ပြုလုပ် နေတာတွေကို စောင့်ကြည့်နိုင်မယ့် tool တစ်ခုဖြစ်ပါတယ်။ Speedo-meter tool ကို ထည့်သွင်းမယ်ဆိုရင် Terminal မှာ sudo apt-get install speedometer ဆိုတဲ့ command ကိုအသုံးပြုရပါမယ်။ အသုံးပြုပုံကတော့ sudo speedometer -r wlan0 -t wlan0 ဆိုပြီး အသုံးပြုရပါမယ်။  ဒီနေရာမှာ wlan ကတော့ Wi-Fi Adapter ကိုရည်ညွှန်းတဲ့ command  ဖြစ်ပြီး၊ Network Card ကိုအသုံးပြုသူတွေ ဆိုရင်တော့ eth0 ဆိုပြီး ပြောင်းလဲအသုံးပြု ရမှာဖြစ်ပါတယ်။