iPhone 6s ၏ 3D Touch Sensitivity ကို ချိန်ညှိခြင်းနှင့် Disable ပြုလုပ်ခြင်း

Apple ကနေ iPhone 6s မှာ စတင် ထည့်သွင်းပေးခဲ့တဲ့ 3D Touch နည်းပညာမှာ မိမိကဖုန်းရဲ့ မျက်နှာပြင်ကို ဘယ်လောက်ဖိအားနဲ့ ဖိနှိပ်ရမယ်ဆိုတာကို ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။ ကိုယ်ဖိနှိပ်တဲ့ အားပေါ်မူတည်ပြီး တုံ့ပြန်လုပ်ဆောင်မှုကို မြန်မြန်နှေးနှေး ပြုလုပ်ထားနိုင်ဖို့ကိုလည်း Apple ကနေ ဖန်တီးပေးထား ပါသေးတယ်။ အဲ့ဒါကြောင့် 3D Touch စနစ်ကို အသုံးမလိုလို့ ဒါမှမဟုတ် မသုံးချင်လို့ Disable လုပ်ပြီး ပိတ်ထားချင်တာမျိုးနဲ့ 3D Touch စနစ်ကို ကိုယ့်စိတ်ကြိုက် ဖိနှိပ်မှုတုံ့ပြန်နှုန်းကို ချိန်ညှိထားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

3D Touch ရဲ့ တုံ့ပြန်မှုနှုန်း Sensitivity ကို ချိန်ညှိဖို့အတွက် ဖုန်းထဲက Setting ကို နှိပ်ပါ။ ပုံ (၁)

Setting ထဲက General ထဲကို ၀င်ပါ။ ပုံ (၂)/ General ထဲကမှ Accessibility ကို ထပ်ရှာရပါမယ်။ ပုံ (၃)

    

Accessibility ထဲက 3D Touch ဆိုတာကို ထပ်ပြီးရွေးပေး ရပါမယ်။ ပုံ (၄)

3D Touch စနစ်ထဲကို ရောက်သွားပြီးဆိုရင်တော့ အောက်ဖော်ပြပါ ပုံထဲကလိုမျိုး တုံ့ပြန်မှုနှုန်း Sensitivity ကို Light-Medium-Firm ဆိုပြီး သုံးမျိုးတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီကနေမှ မိမိထားရှိလိုတဲ့ Sensitivity ကို ရွေးချယ်ပြီး ထားနိုင်မှာ ဖြစ်ပါတယ်။ ပုံ (၅/ ၆)

    

3D Touch စနစ်ကို Disable ပြုလုပ်ချင်သူတွေ တစ်နည်း 3D Touch လုပ်ဆောင်ချက်ကို ပိတ်ထားချင်တယ် ဆိုရင်တော့ ပထမဦးဆုံး ဖုန်းထဲက Setting ကိုရှာပြီး နှိပ်လိုက်ပါ။ ပုံ (၇)

Setting ထဲက General ကို ရှာပြီး General စနစ်ထဲကို ဝင်ပေးလိုက်ပါ။

General ထဲက Accessibility ကို ထပ်ရွေး ပေးရပါမယ်။

Accessibility ထဲက 3D Touch ဆိုတာကို နှိပ်လိုက်ပါ။

3D Touch စနစ်ထဲရောက် ပြီဆိုရင်တော့ နောက်ဆုံးအဆင့် အနေနဲ့ 3D Touch ဆိုတဲ့ စာသားဘေးက  ခလုတ်အစိမ်းလေးကို ဘယ်ဘက်ကို ဆွဲလိုက်ပြီး 3D Touch စနစ်ကို Disable ပြုလုပ် ထားနိုင်မှာပဲ ဖြစ်ပါတယ်။