LG G Pad X8.3

LG_GPad_X_8.3_Horizontal.jpg

Price – USD 79.99

အားသာချက်

LG G Pad X8.3 Tablet ဟာ LTE Connectionကို  အထောက်အပံ့ပေးထားပြီး၊ USB Port Full Size ကို တပ်ဆင် ပေးထားပါတယ်။ ဈေးနှုန်းချိုသာပြီး MicroSD Card ကို 128 GB အထိ တပ်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

ဒီ Tablet မှာ Stylus Feature ကို ထည့်သွင်းထားပေမယ့် အသုံးပြုတဲ့အခါမှာ အနည်းငယ် အဆင်မပြေတာကို တွေ့မြင်ရနိုင်သလို၊ ဂိမ်းကစားတဲ့ အခါမှာလည်း စွမ်းဆောင်ရည်ပိုင်း အနည်းငယ် နှေးကွေးသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဈေးနှုန်းချိုသာပြီး စီးပွားရေးလုပ်ငန်း လုပ်ဆောင်သူများအတွက် အသုံးပြုသင့်တဲ့ Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီ Tablet ဟာသပ်ရပ်တဲ့ ပုံစံနဲ့ ထုတ်လုပ်ပေးထားပြီး၊ Smart phone တစ်လုံးကဲ့သို့ သွားလေရာကို သယ်ဆောင်နိုင်အောင် စီစဉ်ပေးထား

တဲ့ Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ LTE စနစ်ကို အထောက်အပံ့ပေးတဲ့ Network တွေမှာဆိုရင် LG G Pad X8.3 Tablet ဟာ အင်တာနက်ကို သုံးစွဲဖို့အတွက် ကောင်းမွန်တဲ့ Tablet အမျိုးအစားတစ်ခု ဖြစ်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Qualcomm Snapdragom 615 Chip ကို အသုံးပြုထားပြီး Octa-core Processor ကို အသုံးပြုထားပါတယ်။ RAM ကို 1800 MB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ Storage များများ အသုံးပြုချင် သူများအတွက် 128 GB ပမာဏရှိတဲ့ MicroSD Card ကိုလည်း ထည့်သွင်း  အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Android 5.0 Version ကို အသုံးပြုထားပါပြီး Display Screen မှာ IPS capacitive multitouch screen ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 1920 resolution ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၈.၃ လက်မခန့် ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ Front Facing Camera က 2 Megapixels သာရှိမှာဖြစ်ပြီး၊ Rear Camera ကတော့ 8 Megapixels ရှိမှာ  ဖြစ်ပါတယ်။ ကင်မရာ ရိုက်ကူးနိုင်မယ့် Resolution ကတော့ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုဖိုင်တွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီကို Li-lon အသုံးပြု ထားပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆကတော့ 4800mAh ပမာဏရှိမှာ ဖြစ်ပါတယ်။ Standby အနေနဲ့ အသုံးပြုမယ်ဆိုရင် အဆိုပါ Tablet ဟာ ၁၅ ရက်ခန့် အားသွင်းစရာမလိုဘဲ ထားနိုင်မှာ ဖြစ်ပါတယ်။ MP3, WAV, AAC, WMA, OGG, FLAC အစရှိတဲ့ Audio Format များကို အထောက်အပံ့ ပေးထားပြီး၊ Video ပိုင်းမှာလည်း 1080p  HD  Video များကိုလည်း ကြည့်ရှုနိုင်ရန် အထောက်အပံ့ ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဂိမ်းကစားတာကို နှစ်သက်သူများအတွက် Adreno 405 GPU ကို ထည့်သွင်းပေးထားပြီး၊ သာမန်ဂိမ်းလေးတွေ အတွက်တော့ ကစားရတာ အဆင်ပြေပြေနဲ့ ကစားနိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီဇိုင်း

ကျစ်လျစ်တဲ့ ဒီဇိုင်းပုံစံနဲ့ ပြုလုပ်ထားတဲ့ LG G Pad  X8.3 ဟာ သယ်ဆောင်ရ လွယ်ကူပြီး၊ Tablet ရဲ့ ဘယ်ဘက်ထောင့်မှာ Pen ကို ထည့်သွင်း ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၁၃.၀၂ အောင်စသာ အလေးချိန်ရှိမှာ ဖြစ်တဲ့အတွက် ခရီးမကြာခဏ သွားလာသူများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ အလွယ်တကူ သယ်ယူသွားနိုင်တဲ့ Tablet အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။

Ref : CNET