Auto Digital Luxmeter

Auto-Digital-Luxmeter--WW-online-product-2016Jan21-(1).jpg

အမျိုးမျိုးသော အလင်းအားများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလင်းအခြေအနေများ၊ Decoration ဆိုင်ရာ လုပ်ဆောင်ချက်များအတွက် တိုင်းတာရာတွင် အထောက်ကူပြုမည့် VC-1010A မော်ဒယ် Auto Digital Luxmeter တစ်မျိုးဖြစ်သည်။ Lux ကို  10 -50000 အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ lux sensor ဖွင့်လိုက်သည်နှင့် အလင်းအားကို အချိန်တိုတွင်းမှာပင် တွက်ချက်ဖော်ပြပေးမည်ဖြစ်သည်။ Digital ဖြင့်ပြသပေးသောကြောင့် အသေးစိတ်ကို
တိတိကျကျ၊ မှန်မှန်ကန်ကန်ဖြင့် ခွဲခြားသိမြင်နိုင်မည်ဖြစ်သည်။ 9 V ဘက်ထရီတစ်လုံး ထည့်သွင်းအသုံးပြုရမည်ဖြစ်ပြီး နာရီ ၁၅၀ အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ အရွယ်အစားမှာ Dimension 135 (L) x30 (H)  mm  ဖြစ်ပြီး အလေးချိန်မှာ 150g သာရှိသည့်အတွက် အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၂၉,၉၀၀ ကျပ်ဖြစ်ပြီး F@X II ဖုန်း ၂၅၂၆၂၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။