UStream ကို ဝယ်ယူရန် IBM ဆွေးနွေးနေ

ibm.jpg

IBM သည် live video platform ဖြစ်သော UStream ကို ဝယ်ယူရန်အတွက် ဆွေးနွေးမှုပြုလုပ်နေကြောင်း အဆိုပါကိစ္စနှင့် ရင်းနှီးကျွမ်းဝင်သူ ရင်းမြစ်များ၏အဆိုအရ သိရသည်။ အဆိုပါ ဝယ်ယူမှုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၃၀ နီးပါးရှိမည်ဟု ဆိုသည်။

IBM နှင့် UStream တို့၏ ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ် ဧပြီလတွင် စတင်ခဲ့ပြီး ထိုစဉ်က IBM ၏ cloud marketplace တွင် UStream က တစ်ခုတည်းသော ဗီဒီယိုဝန်ဆောင်မှုအဖြစ် ပါဝင်ခဲ့သည်။ ထိုနှစ်နောက်ပိုင်းတွင် အဆိုပါ ကုမ္ပဏီနှစ်ခုက IBM ၏ open cloud development platform ဖြစ်သော Bluemix တွင် video streaming ကို ထည့်သွင်းပေါင်းစပ်ရန်အတွက် Ustream နည်းပညာကို အသုံးပြုမည်ဟု ကြေညာခဲ့သည်။ IBM ၏ UStream ကို တရားဝင်ဝယ်ယူမှုသည် developer များက live video streaming feature များ တည်ဆောက်မှုကို လွယ်ကူစေမည်ဖြစ်သည်။

ဆီလီကွန်တောင်ကြားအခြေစိုက် UStream တွင် ရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်ရှိပြီး ရင်းနှီးမြှုပ်နှံသူများတွင် DCM, Eastward Capital Partners, Labrador Ventures, KT Corp., SoftTech VC, SoftBank, Recruit Strategic Partners, Wasabi Ventures နှင့် Western Technology Investment တို့ပါဝင်သည်။

Ref: Fortune