Samsung Galaxy Note 5 ၏ အရောင်အသစ်ဖြစ်သော Pink Gold အား မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်

12510371_1228368783845314_7007970462488344356_n.jpg

Samsung Galaxy Note 5 ၏ အရောင်အသစ်ဖြစ်သော Pink Gold အား မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီဟု Samsung Myanmar က သတင်းထုတ်ပြန်ခဲ့သည်။

Galaxy Note 5 Pink Gold အရောင်အသစ်အား ဈေးနှုန်း ၈၈၀,၀၀၀ ကျပ်ဖြင့် နေရာဒေသအသီးသီးရှိ Samsung Brand Shop များနှင့် မိုဘိုင်းဖုန်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။ Samsung Galaxy Note 5 Pink Gold ကို စတင်ရောင်းချသည့် အထိမ်းအမှတ်အနေဖြင့် ဝယ်ယူသူများကို Samsung Original Clear Cover တစ်ခုနှင့် Power Bank တစ်ခုအား လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး လက်ဆောင်အရေအတွက်ကိုမူ ကန့်သက်ထားကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

Galaxy Note 5 သည် 4GB RAM အထိ တိုးမြှင့်ထားခြင်းကြောင့် graphic ကောင်းမွန်သော ဂိမ်းများကို ကစားနိုင်ခြင်း၊ အင်တာနက် အသုံးပြုသည့်အခါ လျင်မြန်သော လုပ်ဆောင်မှုများကို ဆောင်ရွက်နိုင်ခြင်း စသည့် အားသာချက်များပါရှိကြောင်း ကုမ္ပဏီက ပြောဆိုထားသည်။