HiFi Stereo Head Phone

HiFi-Stereo-Head-Phone--WW-online-product-2016Jan13.jpg

သီချင်းများကို မူရင်းအသံအတိုင်း တည်ငြိမ်ကောင်းမွန်သော အသံထွက်များဖြင့် အပြည့်အဝ ခံစားနိုင်မည့် EM-608 မော်ဒယ် HiFi Stereo Head Phone ဖြစ်သည်။ iDevice များဖြင့် တွဲဖက်အသုံးပြုနိုင်သလို 3.5 jack အသုံးပြု  mobile phone, laptop, tablet များဖြင့်လည်း အဆင်ပြေစွာ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ Cable ပုံစံကို Flat type ပုံစံဖြင့် အသေးငယ်ဆုံးဖြစ်အောင် ပြုလုပ်ပေးထားပြီး 1.2m အရှည်ရှိသောကြောင့် အသုံးပြုရ အဆင်ပြေစေမည်ဖြစ်သည်။ အချိန်ကြာမြင့်စွာ အသုံးပြုပါကလည်း နာကျင်စေခြင်းမရှိအောင် အထူးပြုလုပ်ပေးထားသည်။ Built in MIC ပါဝင်ပြီး အသံဆွဲအားကောင်းမွန်သောကြောင့်  ဖုန်းပြောဆိုချိန်တွင် ကြည်လင်ပြတ်သားသော အသံထွက်ကို ခံစားနိုင်မည်ဖြစ်သည်။ ဖုန်းအဝင်လက်ခံခြင်း၊ သီချင်းအပုဒ်ရေကျော်ခြင်းများကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၁၅,၈၀၀ ကျပ်ဖြစ်ပြီး F@X Computer ဖုန်း ၀၁-၂၅၂၆၂၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။