LG Refrigerator

LG-Refrigerator--AA-online-product-2016Jan13.jpg

LG မှ အသစ်ထပ်မံထုတ်လုပ်လိုက်သည့် GC-B207GSQV မော်ဒယ်ရေခဲသေတ္တာဖြစ်သည်။ Door-in DoorTM ဒီဇိုင်းအသစ်မှာ ရေခဲ သေတ္တာထဲတွင် နေရာလွတ် ပိုရစေမည်ဖြစ်သည်။ ရေရှည်အသုံးပြုရာတွင်လည်း မီတာခကုန်ကျစရိတ်ကို အထူးသက်သာစေသည်ဟု သိရသည်။ Design ပိုင်းအတွက် ထိပ်တန်း စတီးလ်ပစ္စည်းများကိုသာ သုံးစွဲထားပြီး LED မျက်နှာပြင်ကို တပ်ဆင်ထားသည်။ ရေခဲသေတ္တာအတွင်း တံခါးများ၏ LED မီးသီးများမှာလည်း ပိုမိုအကြမ်းခံပြီး စွမ်းအင်သုံးစွဲမှုကို သက်သာစေမည်ဖြစ်သည်။ စွယ်စုံသုံး လေဝင်လေထွက်စနစ်စီးဆင်းမှုကိုလည်း ထည့်သွင်းပေးထားသည်။ V-fresh စနစ်သုံး freezer ကြောင့် အစားအသောက်များကို ပို၍ကြာရှည်အထားခံမည်ဖြစ်သည်။ Inverter Linear ကွန်ပရက်ဆာကလည်း လျှပ်စစ်သုံးစွဲမှုကိုလျှော့ချပေးပြီး ပိုအကြမ်းခံစေမည်ဖြစ် သည်။ ကွန်ပရက်ဆာကို ၁၀ နှစ် အာမခံပေးထားသည်။ တန်ဖိုး ၁,၂၉ဝ,ဝဝဝ ကျပ်ဖြင့် LG Showroom ဖုန်း ၀၁-၅၄၄၆၆၄ နှင့် ၅၄၅၉၆၃ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။