MIND Investment Institute ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ

Mind-1.jpg
Mind-2.jpg
Mind-3.jpg

MIND Investment Institute စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ အမှတ် (4D), 99 ကွန်ဒို၊ ဓမ္မစေတီလမ်း၊ ကမာရွတ် မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစီအစဉ်တွင် MIND Investment Institute မှ Managing Director ဖြစ်သူ Maya Phyu Phyu Thaung မှ MIND Investment Institute ဖွင့်လှစ်ရခြင်း၏ အဓိကဦးတည်ချက်များနှင့် ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းများအကြောင်းကို အသေးစိတ် ဆွေးနွေးရှင်းလင်းပေးခဲ့သည်။

MIND Investment Institute သည် မြန်မာနိုင်ငံတွင် The Securities and Exchange Commission ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။