PIR MP-Alarm

PIR-MP-Alarm.jpg

နီးနီးဝေးဝေး လုံခြုံစိတ်ချစေမည့် နည်းပညာသုံးကိရိယာငယ်ဖြစ်သည်။ PIR MP-Alarm ဖြစ်ပြီ်း 2G စနစ်သုံး GSM ဆင်းမ်ကတ်တစ်ကတ် ထည့်သွင်း အသုံးပြုရမည်ဖြစ်သည်။ အရွယ်အစား အထူးသေးငယ်သည်။ ကိရိယာ၏ပတ်လည် ၁၅ ပေအတွင်း လူ၊ တိရစ္ဆာန် တစ်စုံတစ်ယောက် ဝင်လာခဲ့ပါက ကိရိယာဖြင့် ချိတ်ဆက်ထားသည့်ဖုန်းကို ချက်ချင်းလှမ်းခေါ်ပေးမည့်အပြင် အဆိုပါအချိန်တွင် ထွက်ပေါ်နေသော အသံကိုပါ တိုက်ရိုက်ကြားနိုင်မည်ဖြစ်သည်။ ပတ်လည် ၁၂၀ ဒီဂရီအထိ အသုံးပြုနိုင်သည့်အတွက် အသုံးဝင်မည်ဖြစ်သည်။ ဖုန်းခေါ်ခြင်းအပြင် အဆိုပါကိရိယာကို ဖုန်းခေါ်ပြီးအသံသီးသန့်လည်း နားထောင်နိုင်မည်ဖြစ်သည်။ အရုပ်မမြင်ရသော်လည်း အသံဖြင့် စိတ်ချနိုင်သော ကိရိယာဖြစ် သည်။ Built in Battery ပါဝင်ပြီး DC 5V ဖြင့် အားပြန်သွင်းနိုင်မည်ဖြစ်သည်။ အားပြည့်သွင်းထားပါက ၁၅ ရက်အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၆ဝ,ဝဝဝ ကျပ်ကျော်ဖြစ်ပြီး Ever Fine ဖုန်း ၃၈၃၄၆၆၊ ၃၈၇၆၄၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။