iDarkroom

iDark.jpg

iDarkroom ဆိုသည့် app သည် ISO, Shutter Speed, White Balance, Exposure အစရှိသည်တို့ကို DSLR ကင်မရာကဲ့သို့ ချိန်ညှိ၍ ရိုက်ကူးနိုင်မည့် app တစ်ခု ဖြစ်သည်။ ထို့ပြင် Camera Effect များကိုလည်း ထည့်သွင်းပေးထားပြီး အဆိုပါ Camera app ဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများကို Facebook, Twitter, Flickr အစရှိသည်တို့တွင် တိုက်ရိုက် Upload ပြုလုပ်နိုင်မည်ဖြစ်သည်။

အဆိုပါ app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iDarkroom iOS version 8 နှင့် အထက်တို့တွင်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။