BeeTalk အသုံးပြုသူ ၁၀ သန်းနီးပါးရှိ

12494989_1224151634267029_7126441701644791662_n.jpg

စာတိုပေးပို့ခြင်း၊ အခမဲ့ ဖုန်းခေါ်ဆိုခြင်းနှင့်အတူ စတင်ဝန်ဆောင်မှု ပေးအပ်ခဲ့သော BeeTalk သည် တစ်နှစ်တာ ကာလအတွင်း အသုံးပြုသူ ၁၀ သန်းနီးပါးကို ပိုင်ဆိုင်ခဲ့သည်ဟု BeeTalk မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

BeeTalk ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင်မိတ်ဆက်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် အသုံးပြုသူ ၉ သန်းနီးပါး ရှိနေခဲ့ရာမှ ဇန်န၀ါရီလအတွင်း အသုံးပြုသူ ၁၀ နီးပါးသို့ တိုးတက်လာခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

BeeTalk သည် ယခုလအတွင်း ဗားရှင်းအသစ်ကို မိတ်ဆက်ခဲ့ပြီး အဆိုပါဗားရှင်းအသစ်၌ ၎င်းတို့၏ Look Around ပိတ်ပေးခဲ့ကြောင်း၊ အဆိုပါ Look Around ကို ယခင်က ဖွင့်လှစ်ထားခဲ့သည့်အတွက် လာရောက်မိတ်ဖွဲ့သူ များပြားခဲ့ပြီး အချို့သော အသုံးပြုသူများမှာ မိတ်ဖွဲ့မှုများပြားကို ကြိုက်နှစ်သက်ခြင်း မရှိသည့်အတွက် Look Around ပိတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသုံးပြုသူများအနေဖြင့် လိုအပ်သည့်အခါ Look Around ကို ပြန်လည်ဖွင့်လှစ်၍ အသုံးပြုစေရန် ဗားရှင်းအသစ်၌ BeeTalk က စီစဉ်ပေးခဲ့ပြီး ဗားရှင်းအသစ်အတွင်း စတေကာအသစ်များကိုလည်း ထပ်မံဖြည့်သွင်းပေးခဲ့ကြောင်း BeeTalk က ကြေညာခဲ့သည်။