KENBO စမတ်ဖုန်းမော်ဒယ်သစ် မကြာမီ ဈေးကွက်ဝင်မည်

12573176_10205854533385388_2758529703471465331_n.jpg

KENBO Fly O31 Plus မိုဘိုင်းဖုန်းအား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြည်တွင်းဈေးကွက်တွင် စတင်ဖြန့်ချိ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“Fly O31 Plus ဖုန်းကို နောက်လ လဆန်းကစပြီး Pre Order အနေနဲ့ ရောင်းချပေးဖို့ရှိပါတယ်။ ဈေးကွက်ထဲမှာတော့ လလယ်ပိုင်းလောက်မှ စတင် ဝယ်ယူနိုင်မှာပါ။ ဈေးနှုန်းကတော့ ကျပ်နှစ်သိန်းဝန်း ကျင်လောက် ရှိမှာဖြစ်ပါတယ်” ဟု KENBO စမတ်ဖုန်းမြန်မာမှ တာဝန်ရှိသူတစ်ဦးက အင်တာနက် ဂျာနယ်သို့ ပြောသည်။

၎င်း Fly O31 Plus စမတ် ဖုန်း GSM ကွန်ရက်စနစ်သုံး ဖုန်းဖြစ်ပြီး SIM ကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်သော Dual SIM ဖုန်းအမျိုးအစား ဖြစ်သည်။ မြင်ကွင်း အရွယ်အစား ၅.၂ လက်မရှိမည်ဖြစ်ပြီး Octa-core 1.3 GHz CPU, 2GB RAM နှင့် သိုလှောင်မှုအတွက် ROM 16GB ရှိကြောင်း သိရသည်။

ကင်မရာစနစ်သည် 13 Megapixel ကျောဘက်ကင်မရာနှင့် 5 Megapixel ရှေ့ကင်မရာစနစ်များ ထောက်ပံ့ပါဝင်မည် ဖြစ်သည်။ ကြိုတင်မှာယူမည့်သူများအနေဖြင့် ဖုန်း-၀၉၃၀၀၅၈၅၄၂ (ရန်ကုန်)၊ ၀၉၂၅၀၁၁၁၈၀၀ (မန္တလေး) တို့တွင် ဆက်သွယ်မှာယူနိုင်မည် ဖြစ်သည်။