မန်းတွင် MEIZU မှ ထုတ်ကုန်လေးမျိုး တရားဝင်မိတ်ဆက်

12509248_10205672740998902_9209067388958765172_n.jpg

တရုတ်နိုင်ငံမှ နာမည်ကြီး မိုဘိုင်းဖုန်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော MEIZU မှ ၂၀၁၆ ခုနှစ်အတွင်း ထုတ်လုပ်လိုက်သော စမတ်ဖုန်း ၄ မျိုးကို မြန်မာနိုင်ငံအတွင်း တရားဝင်မိတ်ဆက်ပွဲ အခမ်းအနားအား ဇန်န၀ါရီလ ၁၃ ရက်၊ ညနေ ၅ နာရီအချိန်က မန္တလေးမြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် MEIZU PRO 5 , MX 5 , m2note နှင့် m2 မော်ဒယ်များကို အဓိကထား ပြသပေးခဲ့သည်။ ကုမ္ပဏီအနေဖြင့် လက်ရှိအချိန်တွင် ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အစ္စရေး၊ ရုရှား၊ ယူကရိန်း၊ အိုင်ဒိုနီးရှား၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံများတွင် ရောင်းချလျက်ရှိပြီး ယခု မြန်မာနိုင်ငံမှ Oriental Zebra Company နှင့် လက်တွဲကာ ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်မိတ်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။

MEIZU အမှတ်တံဆိပ်ဖုန်းများမှာ လက်ရှိကာလတွင် တရုတ်နိုင်ငံအတွင်း တတိယ လူကြိုက်အများဆုံးဖုန်းအဖြစ် ရပ်တည်လျက်ရှိနေကြောင်း MEIZU မှ မစ္စတာလီရှောင်းက ပြောကြားခဲ့သည်။