MPT က ကံထူးရှင်များကို ရွေးချယ်

mpt.jpg

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ပျော်ရွှင်ကံထူးနှစ်သစ်ကူး ကံစမ်းမဲအစီအစဉ်၏ နောက်ဆုံးကံထူးရှင်များကို ရန်ကုန်မြို့ Junction Square တွင် ရွေးချယ်ကြေညာခဲ့သည်။

MPT မှ ဆုမဲပေါင်း ၂ သောင်းကို အသုံးပြုသူများအား ရွေးချယ်ပေးခဲ့ပြီး ဆုကြီးများအနေဖြင့် တိုယိုတာလန်ခရူဇာ၊ iPhone 6S ၊ iPad Air2 ၊ ရွှေဆွဲကြိုး၊ လက်မ ၄၀ ဆိုနီတီဗီများပါဝင်ပြီး ကျန်ရှိသော ဆုမဲများမှာ ၅,၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်များဖြစ်သည်ဟု သိရသည်။

အဆိုပါ ကံစမ်းမဲအစီအစဉ်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က စတင်ခဲ့ပြီး ကံစမ်းမဲစုစုပေါင်း ၇ သောင်းကို အပတ်စဉ် စနေနေ့တိုင်းတွင် ကံစမ်းမဲဖောက်ပေးခဲ့ခြင်းလည်း ဖြစ်သည်။