Alien: Isolation

AlienIsolationWallpaper_Phase-2.jpg

Game publisher တွေအနေနှင့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလအစောပိုင်းတွေမှာ holiday season အပြီးမို့လို့ ဂိမ်းအကြီးစားတွေ big budget game တွေ အများကြီး
မထုတ်ဖြစ်ပေမယ့် အရင်နှစ်တွေက နာမည်ကြီးရောင်းအားကောင်းခဲ့တဲ့ဂိမ်းတွေကို DLC တွေပေါင်းပြီး complete edition/GOTY အဖြစ် သို့မဟုတ် နည်းနည်း ပိုဟောင်းသွားတဲ့ဂိမ်းတွေကို remastered edition အဖြစ် ပြန်ထုတ်လေ့ရှိပါတယ်။ Developer Creative Assembly ရဲ့ နာမည်ကြီး survival horror ဂိမ်းဖြစ်တဲ့ Alien Isolation ဟာလည်း ဂိမ်းထွက်ပြီးတစ်နှစ်နီးပါးအထိ expansion တွေ downloadable content (DLC) အသစ်တွေထွက်ခဲ့ပြီး ခုဆိုရင်တော့ဖြစ် ပြန်လည် ထွက်ရှိလာပါတယ်။ အရင်က မူရင်းဂိမ်းကို $60 ပေးရပေမည့် ခုဆိုရင်တော့ မူရင်းပင်မဂိမ်းအပြင် တစ်ခုချင်းဝယ်ရင် $40 ကျော်ပေးရမယ့် DLC တွေပါတဲ့ Alien Isolation – The Collection အခွေသစ်ကို $60 နဲ့ ပြန်လည်ရောင်းချထားပြီး DLC တွေကလည်း ကစားလို့ကောင်းတဲ့ နေရာသစ်တွေ ပါဝင်ထားတာတွေ့ရမှာပါ။

Alien Isolation game ကတော့ 1979 က Director ကြီး Ridley Scott ရဲ့ ပထမ Alien ရုပ်ရှင်လိုမျိုး သည်းထိတ်ရင်ဖိုပုံစံ Horror Thriller ပုံစံ ကစား ရမှာပါ။ နောက်ပိုင်း Alien ဇာတ်ကားတွေကတော့ Science Fiction Action အသားပေး တိုက်ခိုက်ခန်းတွေ များသလို အရင်ဂိမ်းတွေကလည်း Action နှင့် First Person Shooter ဂိမ်းတွေများပြီး Aliens VS Pre-dator၊ Aliens: Infestation နှင့် 2013 မှာ Aliens: Colonial Mar-ines လိုဂိမ်းတွေ ဆက်တိုက် ထွက်ခဲ့ဖူးပါတယ်။ Alien: Isolation ဂိမ်းသစ်ကတော့ အရင်လိုဂိမ်းမျိုးတွေ မဟုတ်တော့ဘဲ တစ်ဂိမ်းလုံးမှာ Alien Xenomorph ဂြိုဟ်သားတစ်ကောင်တည်းသာ စိတ်ဝင်စားစရာ Stealth နှင့် Survival Horror ဂိမ်းတစ်ခုဖြစ်နေတာ တွေ့ရမှာပါ။ Alien: Isolation ရဲ့ storyline ဟာ ALIEN ရုပ်ရှင်အပြီး  15 နှစ်အကြာနှင့် ALIENS ရုပ်ရှင်မတိုင်ခင် ၄၂ နှစ်အကြာမှာနေရာယူထားပြီး ALIEN ရုပ်ရှင်များရဲ့ distributor ဖြစ်တဲ့ 20th Century FOX ရဲ့ ခွင့်ပြုချက်အရ ALIEN နှင့် ALIENS ရုပ်ရှင်နှစ်ကားကြားက အဖြစ်အပျက်များအဖြစ် ဇာတ်လမ်းဆင်ထားပြီး ALIEN အဖြစ်အပျက်များအပြီး ပျောက်ဆုံးနေတဲ့ မိခင် Ellen Ripley အား ရှာဖွေနေသူသမီး Amanda နေရာ ကနေ ကစားရမှာဖြစ်ပါတယ်။ Amanda အနေနှင့် Ellen Ripley ရဲ့ အာကာသယာဉ် Nostromo မှ မှတ်တမ်းများကို ရှာဖွေပြီး သူမရဲ့မိခင်ကိုတွေ့နိုင်ဖို့ သဲလွန်စရှာဖို့ကြိုးစားရာမှ Flight Recorder ရှိရာ Sevastopol အာကာသစခန်းသို့ အသွားမှာ Alien Xenomorph ကြီးနှင့်ရင်ဆိုင်ရပုံမှ ကစားရမှာဖြစ်ပါတယ်။

Alien Isolation ရဲ့ main story line ကတော့ Amanda နေရာကနေ ကစားရမှာဖြစ်ပြီး DLC တွေမှာတော့ Sevastopol ယာဉ်ပေါ်မှ အခြားဇာတ်ကောင်တွေနေ
ရာမှ ကစားရမှာဖြစ်သလို Crew Expendable နှင့် Last Survivor DLC တွေမှာတော့ မူလ 1979 Alien ရုပ်ရှင်ကဇာတ်ကောင်များနှင့် ဇာတ်ဝင်ခန်းများနေရာမှာ ဝင်ရောက်ကစားရမှာဖြစ်ပါတယ်။ ရန်သူအနေနှင့်ကတော့ Alien တစ် ကောင်တည်းမဟုတ်ဘဲ ယာဉ်ပေါ်က စိတ်မနှံ့တော့တဲ့ လူသားရန်သူတွေ၊ စက်ပိုင်းဆိုင်ရာဖောက်ပြန်ပြီး လူတိုင်းကို လိုက်သတ်ဖို့ ကြိုးစားနေတဲ့ Working Joes Android စက်ရုပ်တွေနှင့်လည်း ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကသတိထားရမယ့်ရန်သူကတော့  Alien  ကြီးပဲဖြစ်ပြီး  အခြားရန်သူတွေနှင့် တိုက်ခိုက်နေစဉ် ဆူညံသံကြားတာနဲ့ Amanda ဆီကို အရောက်ပြေး လာမှာဖြစ်ပါတယ်။ Chapters တစ်ခုနှင့်တစ်ခု အကူးအပြောင်း အချို့ဇာတ်လမ်းပိုင်း အခန်းတွေကလွဲပြီးတော့ Alien နှင့်တွေ့ရမယ့်ပုံစံအားလုံးက ကြိုတင်စီစဉ်ရေးဆွဲထားတဲ့ Scripted event တွေမဟုတ်ဘဲ Alien အနေနှင့်က တံခါးတွေ၊ လေဝင်လေထွက်ပေါက် Air Vent တွေကနေတစ်ဆင့် သွားလာနေမှာဖြစ်ပြီး ဆက်စပ်တွေးခေါ်နိုင်တဲ့ A.I စနစ်လည်း ပါဝင်ထားပြီး ပြန်သတ်လို့လည်း မရလို့ တစ်ဂိမ်းလုံး ရင်တထိတ်ထိတ်နှင့်ကစားရမှာပါ။

Alien ဘယ်မှာရှိလဲဆိုတာကို ရုပ်ရှင်တွေထဲကလို motion tracker လေးသုံးပြီး လိုက်ရှာနိုင်ပေမယ့် radar ပေါ်မှာ အဖြူလုံးလေးအနေနှင့်ပဲပြလို့ အပေါ်မှာ
လား၊ အောက်မှာလား၊ ဒါမှမဟုတ် ဘယ်ဘက်ကို မျက်နှာမူထားလဲဆိုတာတွေကိုတော့ ကြိုသိနိုင်မှာ မဟုတ်ပါဘူး။ အခြား Weapons တွေအနေနှင့်က Flashbang လိုမျိုး လက်နက်တွေအပြင် Shotgun လိုမျိုးသေနတ်တွေအထိရနိုင်ပေမယ့် သေနတ်သံထွက်လာရင်တောင် Alien ကြီးရောက်လာမှာစိုးလို့ အခြား Androids ရန်သူတွေနှင့်တွေ့ရင်တောင် သတိထား သုံးရမှာဖြစ်ပါတယ်။ DLC မှာအသစ်ပါလာတဲ့ game modes တွေကတော့ Salvage Mode နှင့် Challenge Mode တွေပဲဖြစ်ပါတယ်။ အရင် Challenge mode တွေက Alien ရန်ကနေ ဘယ်လောက်ကြာကြာရှောင်နိုင်လည်းဆိုတာမျိုးပဲ ကစားရတာဆိုပေမယ့် နောက်
ပိုင်း mode တွေကတော့ လမ်းမျိုးစုံရွေးပြီး အမြန်ဆုံးလွတ်အောင်ပြေးနိုင်တဲ့ပုံစံတွေ Salvage Mode လိုမျိုး resource/weapon တွေစု ပြီး ထောင်ချောက် ဆင်ရတာပါ ထပ်ပါလာတာမို့လို့ အရင်ကစားပြီးသားသူတွေတောင် လုပ်စရာ missions အသစ်တွေ အများကြီး တွေ့နိုင်ပါတယ်။

Alien: Isolation ဂိမ်းဟာ အရင်ထွက်ထားတဲ့ Aliens ဂိမ်းတွေနှင့်လည်း ပုံစံကွဲပြားပြီး တစ်ဂိမ်းလုံးကို ရန်သူတွေမမြင်အောင် Stealth ပုံစံမျိုးကစားရသလို ရန်သူကိုလည်း Alien တစ်ကောင်တည်း အဓိကပါတာတောင် ကစားရတာမအီသွားဘဲ စိတ်ဝင်စားဖို့ကောင်းအောင် Developer The Creative Assembly က ဖန်တီးပေးထားနိုင်တာတွေ့ရပါတယ်။