Gionee ၏ P5 W

b5-19224-copy.jpg

ပြည်တွင်းဈေးကွက်အတွင်း ထပ်မံထိုးဖောက်လာနေသည့် အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Gionee ၏ အဆင့်မြင့်ဖုန်းမော်ဒယ်တစ်မျိုး P5 W ဖြစ်သည်။ မျက်နှာပြင်မှာ ၅ လက်မရှိပြီး HD IPS Screen ဖြစ်သည်။ Android 5.1 Lollipop Amigo 3.1 ကို သုံးထားပါတယ်။ လျင်မြန်သည့် Quad Core CPU 1.3 GHz ရှိသော်လည်း RAM 1 GB သာ ပါဝင်သည်။ ROM 16 GB အထိ ထည့်သွင်းပေးထားသည်။ GSM ကွန်ရက် 2G/3G စိတ်ကြိုက်သုံးနိုင်ပြီး ကတ်နှစ်ကတ်ပြိုင်တူ ထည့်သုံးနိုင်သည့် Dual SIM အမျိုးအစားဖြစ်ပါတယ်။ အရှေ့ကင်မရာ 5 Megapixel နှင့် Auto Focus, Fixed Focus ပါသုံးနိုင်သည့် အနောက်ကင်မရာ 2 Megapixel ပါရှိသည်။ ရုပ်ထွက်ကောင်းမွန်သည့် Camera အမျိုးအစားဖြစ်သည်။ 2000 mAh ရှိသော ဓာတ်ခဲနှင့်ဖြစ်ပြီး အပိုပစ္စည်းတွေအနေနှင့် OTG Cable အပြင် ကာဗာ ၂ ခု၊ မှန်ကပ်တစ်ခုအပြင် Gionee တံဆိပ်ရေဘူးတစ်ဘူးပါ ပါဝင်သည်။ တစ်နှစ်အာမခံပေးထားပြီး တန်ဖိုး ကျပ်တစ်သိန်းကျော်နှင့် Mobile King ဖုန်း ၅၄၂၀၂၀ ၌ ရရှိနိုင်သည်။