iOS 9 ၏ Shake to Undo လုပ်ဆောင်ချက်အား Disable ပြုလုပ်ခြင်း

iOS 9 မှာ Messages, Mail, Calendar, Notes နဲ့ Contacts တွေအတွက် စာရိုက်ခြင်းကို အလွယ်တကူ ဖုန်းလှုပ်ခါပြီး (Shake) မူလအနေအထား (Undo) ကို ပြန်ရောက်အောင် ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်တစ်ခု ပါဝင်လာပါတယ်။ အဲဒီလုပ်ဆောင်ချက် စနစ်က ဖုန်းကနေ စာတိုပေးပို့ခြင်း၊ အီးမေးလ်ပို့ခြင်းစတဲ့ စာရိုက်ခြင်း တွေကို ပိုမိုလွယ်ကူအဆင်ပြေအောင် ထည့်သွင်းပေးထားတာ ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာတော့ ကိုယ်မသုံးလဲပဲ ဖုန်းကလှုပ်သွားတာနဲ့ မူလအခြေအနေ Undo ပြန်ဖြစ်သွားတာက သုံးရတာ စိတ်အနှောင့်အယှက် ဖြစ်လှပါတယ်။ ကိုယ်က Shake to Undo လုပ်ဆောင်ချက်ကို ဖွင့်ထားမိမယ် ဒါမှမဟုတ် Active လုပ်ထားမိမယ်ဆိုရင် အလွယ်တကူ ပြန်ပြီးပိတ်ဖို့ သို့မဟုတ် Disable ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ လုပ်ဆောင်ချက်အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံး Home screen ပေါ်က “Settings” icon ကို ရှာပြီး နှိပ်လိုက်ပါ။

Settings အောက်ထဲက “General” ကို ထပ်ပြီး ရွေးပေးရပါမယ်။

General ထဲကမှ Accessibility ဆိုတာကို ရှာပြီး ထပ်နှိပ်ဝင်ပေးရ ပါမယ်။

Accessibility ထဲမှာ Shake to  Undo  ဆိုတဲ့စာသားကို အောက်ဖော်ပြ ပါပုံထဲကအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ Shake to Undo စာသား ရဲ့ ညာဘက်အစွန်းမှာ On ဆိုတဲ့စာသားလေး ဖြစ်နေတာ တွေ့ရမှာပါ။ အဲဒါက Shake to Undo ဆိုတဲ့ လုပ်ဆောင်ချက် Active ဖြစ်နေ တယ်စနစ်ကို ဖွင့်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

Accessibility ထဲကမှ Shake to Undo စာသားကို နှိပ်လိုက်မယ်ဆိုရင် အောက်ကပုံလိုမျိုး Slider Button ခလုတ်လေး စိမ်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Slider Button ခလုတ်စိမ်းနေတာ Shake to Undo လုပ်ဆောင်ချက် စနစ်ဖွင့်ထားတာဖြစ်ပြီး မီးစိမ်းကို ပိတ်လိုက်မယ်ဆိုရင်တော့ iOS 9 ရဲ့ Shake to Undo လုပ်ဆောင်ချက်ကို Disable ပြုလုပ်ခြင်းအဆင့် ပြီးဆုံးပြီဖြစ်ပါတယ်။

    

ပုံမှန်အားဖြင့်တော့ iOS 9 မှာ ဒီ Shake to Undo လုပ်ဆောင်က Active ဖြစ်နေမှာဖြစ်ပြီး မိမိအနေနဲ့ အသုံးမပြု လိုတဲ့အခါမှာ အခုလိုမျိုး Disable ပြုလုပ်ထားနိုင်မှာ ဖြစ်သလို ပြန်လည် အသုံးပြုလိုတဲ့ အခါမှာလည်း အထက်ဖော်ပြပါအတိုင်း Active ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။