၂၀၁၆ ရဲ့ ကြီးကျယ် အခမ်းနားဆုံးသော Mobile, IT, Networking & လုံခြုံရေး နည်းပညာပြပွဲ

IJ-Plus_Cover.jpg

၂၀၁၆ အတွက်အကြီးကျယ် အခမ်းနားဆုံးသော Mobile, IT, Networking & လုံခြုံရေး နည်းပညာပြပွဲကြီးကို မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ Swan Hotel တွင် ဇန်နဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ နေ့စဉ်နံနက် ၁၀ နာရီမှ ည ၇ နာရီ အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် KMD, Neo Tech, Tiger Supply, Silicon Power, Dell, Kaspersky, DoDoKoKo, Winter Root, Delux, Life Mark, Crome, AVTECH, KSW, Sonicgear, Power Logic အစရှိသည့် ကုမ္မဏီများမှနေ၍ နည်းပညာ အသစ်အဆန်း ပစ္စည်းများ ပြသခြင်း၊ ရောင်းချခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ ထို့အပြင် Lenovo, Acer, Dell အမှတ်တံဆိပ် Laptop အမျိုးမျိုး၊ Mobile, Tablet နှင့် ဆက်စပ် ပစ္စည်းအမျိုးမျိုးကို အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ပြပွဲကျင်းပသူများ၏ အသံ

ကိုကျော်စွာဦး (ပြပွဲတာဝန်ခံ)

Managing Director

Neo Tech

ကျွန်တော်တို့ပြပွဲကို ၁၅၊ ၁၆၊ ၁၇ ရက်စဉ် မနက် ၁၀ ကနေ ည ၇ နာရီ အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေအကြောင်း အသေးစိတ်ရှင်းလင်း၊ မေးမြန်းခြင်း အစီအစဉ်တွေကိုလည်း ထည့်သွင်းထားပါတယ်။ Customer တွေအနေနဲ့ အေးအေးဆေးဆေး ဆွေးနွေးမေးမြန်းနိုင်အောင် စီစဉ်ပေးထားပါတယ်။ နည်းပညာအကြောင်း ဘာပဲသိချင်သိချင် ပြပွဲကျင်းပတဲ့ သုံးရက်အတွင်းမှာ Customer တွေအနေနဲ့ လာရောက်မေးမြန်းနိုင်ပါတယ်။ Customer တွေမေးသမျှကို ကျွန်တော်တို့ကြီးပဲ ပြောကြားတဲ့ ပုံစံမျိုးမဟုတ်ဘဲ Customer တွေထဲက သိတဲ့သူတွေက Sharing ပြန်လုပ်နိုင်မဲ့ ပုံစံမျိုး၊ ဆွေးနွေးပွဲ၊ စကားဝိုင်းတွေ ထည့်ပေးထားမှာပါ။ Product Knowlwdge Workshop လေးများလဲ ထည့်သွင်းပေးထားမှာပါ။

ကိုကျော်ထွဋ် (အဖွဲ့ဝင်)

Marketing Manager

Golden Power Technology

ဒီပြပွဲကျင်းပရတဲ့ အဓိက အကြောင်းရင်းကတော့ အထက်မြန်မာ ပြည်မှာဆိုရင် မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ မန္တလေးမြို့မှာ မြို့သူမြို့သားတွေအပြင် ဒီအနီးအနားတစ်ဝိုက်မြို့တွေက နည်းပညာအကြောင်းကို စိတ်ဝင်းစားတဲ့ သူတွေအတွက် ဒီပြပွဲမှာ နောက်ဆုံးပေါ် နည်းပညာ ပစ္စည်းတွေကို သိမြင်နိုင်ဖို့ရယ်၊ ဘယ်လိုပစ္စည်းတွေကို ဘယ်လိုဈေးနှုန်းမျိုးတွေနဲ့ ရနိုင်တယ်ဆိုတာ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပြပွဲကို မန္တလေးမြို့မှာ ဒုတိယအကြိမ်မြောက် ကျင်းပပေးတာ ဖြစ်ပါတယ်။ မနှစ်ကတုံးကလည်း အရမ်းကို အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း အလားတူ အောင်မြင်မှုမျိုးကို ရယူနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး တိုင်ပင်ပါတယ်။ ဒီပွဲကိုလာတဲ့ Customer တွေအတွက် Happy Hour ဆိုတဲ့ Promotion အချိန်လေးပါဝင်ပါတယ်။ အဲ့အချိန်မှာဆိုရင်လာတဲ့ Customer တွေအနေနဲ့က လုံးဝကို သက်သာတဲ့ ဈေးနှုန်းတစ်ခု၊ နောက်ပြီးရင် သူ့ရဲ့ကံပေါ် မူတည်ပြီးတော့ ပေါက်နိုင်တဲ့ ကံစမ်းမဲ၊ ပြပွဲကိုလာရုံနဲ့တင် လက်ဆောင်ရရှိနိုင်မဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။ နောက်ပြီင်္းတော့ Mobile ဖုန်းလိုချင်လား၊ IT နဲ့ပတ်သက်ပြီး လိုချင်လား၊  Networking နဲ့ပတ်သက်ပြီး လိုချင်လား၊ CCTV နဲ့ ပတ်သက်ပြီး ဘာလိုချင်လဲ အားလုံးကို တစ်နေရာထဲမှာ စုစုစည်းစည်းနဲ့ ရရှိနိုင်မှာဖြစ်တဲ့အတွက် ဒီပွဲကို လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 

မဇွန်ပန်းဖြု (အဖွဲ့ဝင်)

Managing Director

Life Mark Computer Center

အခုပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ ၂၀၁၄ ခုနှစ်တုံးကတော့ တစ်ကြိမ်အား စမ်းခဲ့ဖူးတာပေါ့။ အရမ်းလဲအောင်မြင် ခဲ့ပါတယ်။ နောက်တစ်ကြိမ်လဲ ထပ်လုပ်ကြမယ်ဆိုပြီး အစီအစဉ်တွေကတော့ ရှိခဲ့ပါတယ်။ ကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ပဲ ဒီ ၂၀၁၆ မှ နှစ်သစ်ကို ကြိုဆိုတဲ့သဘောနဲ့ ဒီပွဲကို လုပ်ဖြစ်တာပါ။ နည်းပညာတွေကလဲ တစ်နေ့ထက်တစ်နေ့ မြင့်လာပြီပေါ့။ ထုတ်ကုန်တွေကလဲ တစ်ခုပြီးတစ်ခု ထွက်လာပါတယ်။ ရန်ကုန်အနေနဲ့ကတော့ လက်ပွန်းတတီး ရှိမယ်ထင်ပါတယ်။ နယ်တွေကတော့ မရှိဘူးမဟုတ်ဘူး ရှိတော့ရှိမှာပေါ့ ဒါပေမဲ့သူတို့အတွက် ဒီလိုပွဲတွေ ခပ်စိတ်စိတ်လေး လုပ်ပေးမယ်ဆိုရင် သူတို့အနေနဲ့ နည်းပညာနဲ့ ပိုပြီးအကျွမ်းတဝင် ရှိလာမယ်ထင်ပါတယ် အဲ့ဒါကြောင့် ဒီပွဲလေးကို ကျင်းပဖြစ်တာပါ။

Mobile, IT, Networking & လုံခြုံရေးနည်းပညာပြပွဲတွင် ပါဝင်ပြသမည့် ကုမ္မဏီများ၏ ပရိုမိုရှင်းအစီအစဉ်များ

Kaspersky

သြဇာအောင် ကွန်ပျူတာမှ Kaspersky Products တွေကို ပြသရောင်းချပြီး ၊ Customer တွေအနေနဲ့ သိလိုသမျှကို service support team မှလည်း ရှင်းလင်းပြောပြ ပေးမှာဖြစ်ပါတယ်။ ယခုနှစ်ပိုင်းများတွင် အသုံးပြုမှု တိုးတက်များပြားလာသော Android Tablet နှင့် Android စမတ်ဖုန်းများအတွက် အထူးထုတ်လုပ်ထားသော Kaspersky Internet Security for Android ကို စိတ်ဝင်စားသော customer များ စမ်းသပ်သုံးစွဲနိုင်ရန်အတွက် ၆ လစာ လိုင်စင်ဗားရှင်းကို ပြပွဲတွင် အခမဲ့ပေးသွားမှာ ဖြစ်ပါတယ်။ ပြပွဲကာလ ပြီးဆုံးသွားပါက Kaspersky Internet Security for Android ကို အခမဲ့ရယူနိုင်ရန် support@awzaraung.com သို့ အမည် ဖုန်းနံပါတ် နေထိုင်သည့် မြို့နယ်တို့ကို အီးမေးလ်ပေးပို့ပြီး ရယူနိုင်သကဲ့သို့ ဖုန်းနံပါတ်  09 250 371 442 သို့ အမည် နေထိုင်သည့် မြို့နယ်တို့ကို SMS ပေးပို့ပြီးလည်း ရယူနိုင်ပါသည်။ ကက်စပါစကီး မိုဘိုင်း security သည် install လုပ်ထားပါက anti-virus အဖြစ်ကာကွယ်ပေးနိုင်သလို မိုဘိုင်းအကောင့် ဖွင့်ထားပါက မိမိဟန်းဆက် ပျောက်ဆုံးသွားလျှင် သော်လည်းကောင်း ခိုးယူခံရလျှင် သော်လည်းကောင်း မိမိဟန်းဆက်အတွင်းရှိ အချက်အလက်များ ဖုန်းနံပါတ်များ ဓါတ်ပုံများအား မသမာသူများမှ အသုံးပြုခြင်း မရှိရအောင် အခြားဖုန်းတလုံးမှတဆင့် အချက်အလက် များဖျက်စီးနိုင်ခြင်း၊ မိမိဟန်းဆက်အား မည်သို့မျှ အသုံးပြု မရနိုင်အောင်လုပ်ခြင်း၊ မိမိဟန်းဆက် မည်သည့်နေရာတွင် ရှိနေမည်ကို သိရှိနိုင်မည့် တည်နေရာ စုံစမ်းခြင်းများ ပြုလုပ်နိုင်ခြင်း စသည့် အားသာချက်များ ပါရှိပါသည်။ အသေးစိတ် အချက်အလက်များ အင်စတော်လေးရှင်း လုပ်ပုံ၊ အကောင့်ဖွင့်ပုံတို့ကို သြဇာအောင် ဖေ့စ်ဘွတ်ပေ့ခ်ျ www.facebook.com/AwzarAungComputer တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

ရောင်းချပေးမည့် Product များမှာ

Kaspersky Antivirus 1 user year = 10500
Kaspersky Antivirus 3 user 1 year= 19500
Kaspersky Internet Security 1 user year    = 19500
Kaspersky Internet Security 3 user 1 year= 32500
တို့ဖြစ်ပါတယ်။

Technovisions

Zeisic CCTV Product များကို Promotion ပွဲအတွင်း ဝယ်ယူသည့် Customer များအတွက် အခမဲ့အိမ်တိုင်ရာရောက် တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ IT and Electronics Brand တွေဖြစ်တဲ့ (Armaggeddon, Sonicgear, Elysiu , Audio Box, Powerlogic, Romoss, Strontium) စသည့်ပစ္စည်းများကို 50 % up to Discount ဖြင့်ရောင်းချ ပေးသွားမှာဖြစ်ပါတယ်။ အထူးပရိုမိုးရှင်း အစီအစဉ် အနေနဲ့ကတော့ Luck Draw အစီစဉ်မှာ ကူပွန်များရောင်းချပြီး ပစ္စည်းများကို မဲဖောက်ပေးမှာ ဖြစ်ပါတယ်။ နောက်အစီအစဉ် တစ်ခုကတော့ ကျွန်တော်တို့ ကုမ္မဏီကနေ တင်သွင်းတဲ့ Singapore Product ပစ္စည်းများကို လေလံတင် ရောင်းဈေးပြိုင်ပေးတဲ့ ပုံစံမျိုးနဲ့ စိတ်ဝင်စားဖွယ် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Lenovo

ကျွန်တော်တို့ happy hour ဆိုတဲ့အစီအစဉ်မှာ Lenovo Notebook များကို အထူးဈေးနှုန်းအဖြစ် တစ်လုံးကို ၂ သိန်းကျပ် ဝန်းကျင်နဲ့ တနေ့ကိုတစ်လုံးမဲနှိုက် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Mobile အနေနဲ့ကတော့ Special Gift အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ Lenovo အမှတ်တံဆိပ် စမတ်ဖုန်းတွေဖြစ်တဲ့ Vibe s1, Vibe p1, Vibe shot, VibeX2, A7000, A6000 အစရှိတဲ့ စမတ်ဖုန်းတွေကို ဝယ်ယူမယ်ဆိုရင်တော့ Selfie stick, Micro SD Card, Power Bank, Ring Holder, Screen Guard, Cover, Cleaing Kit, Key Chain အစရှိတဲ့ လက်ဆောင်ပစ္စည်းများစွာကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Tiger Supply

Italy နိုင်ငံထုတ် ” Nice “ တံဆိပ် ခြံဝန်းတံခါးများတွင် တပ်ဆင်နိုင်သော အလိုအလျောက် တံခါးဖွင့် Gate Door  Motor များနှင့် ISO 9001:2008 Certificate ရရှိထားပြီး ထိုင်းနိုင်ငံတွင် နာမည်ကြီး Brand တစ်ခုဖြစ်သော HIP ( Highest Idea Product ) ကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်ရှင်။ ကျွန်တော်တို့ Tiger Supply ( IT Branch ) မှ ခိုင်ခံ့ပြီး အရည်အသွေးမြင့်၊ စွမ်းဆောင်ရည် မြင့်မားသော လုံခြုံရေးဆိုင်ရာ ပစ္စည်းများကို လူကြီးမင်းတို့၏ နေအိမ်၊ ရုံးခန်း၊ Hotel များအတွက် သင့်တင့်သော ဈေးနှုန်း၊ ကျွမ်းကျင်သော ဝန်ဆောင်မှုများဖြင့် ရောင်းချတပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ ပြပွဲအတွင်းတွင် အထူးဈေးနှုန်းများအနေဖြင့် ရောင်းဈေး၏ ပုံမှန်ဈေးနှုန်းထက်  10 % , 20% , 30% ကို Discount အဖြစ်ထိုက်ထိုက် တန်တန်ပေးအပ်မှာ ဖြစ်ပါတယ်။

ဝင်ရောက်ပြသမည့် ပစ္စည်းအမျိုးအစား တွေကတော့

၁။ ရုံးတတ် ၊ ရုံးဆင်း လက်မှတ်ထိုးစက် ( Fingerprint Time Attendance Device )

၂။ တံခါးများကို ထိန်းချုပ်ခြင်းစနစ် ( Door Access Control System )

၃။ CCTV ကင်မရာစနစ် (HD & IP Solution)

၎။ ဟိုတယ်တံခါး အဝင်အထွက်စနစ် ( Hotel Lock System )

၅။ ကားပါကင်စနစ် ( Car Parking System )

၆။ Walkthrough Detector နှင့် Guard Tour System စသည်တို့ ဖြစ်ပါတယ်။

Delux

ကမ္ဘာ့နံပါတ်တစ် Delux အမှတ်တံဆိပ် Keyboard, Mouse, Power Bank, Socket နဲ့ UPS များကို 50% အထိ Happy Hour Discount အထူးအစီ အစဉ်များဖြင့် ရောင်းချပေးသွားမှာပါ။

TP-Link

ကမ္ဘာ့နံပါတ်တစ် SOHO Networking Brand ဖြစ်ပြီး အရည်အသွေး အထူးကောင်းမွန်တဲ့ TP-Link Product များကို ပြသရောင်းချ ပေးသွားမှာပါ။ အထူးအစီအစဉ် အနေနဲ့ကတော့ ပြပွဲလာ Customer တွေနဲ့ နည်းပညာအကြောင်းတွေ ဆွေးနွေး ဖလှယ်မှာဖြစ်ပြီး မည်သူမဆို လာရောက်ဆွေးနွေး နိုင်မှာဖြစ်ပါတယ်။ TP-Link Product များကို 50% Discount အထူးဈေးနှုန်းများနဲ့ ရောင်းချပေးသွားမှာပါ။

Dell

ပြပွဲတွင် Dell Notebook များကို အထူးလျော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ပြပွဲသို့ လာရောက်သည့် Customer များအတွက် အထူးအစီအစဉ် အနေဖြင့် Dell အမှတ်တံဆိပ် 3451 Celeron Hot Sales program ကိုပြပွဲတွင် အထူးဈေးနှုန်းအဖြစ် ပုံမှန်ရောင်းဈေး $299 ကို $40 လျှော့ချပြီး $259 ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် External Drive ကို Bonus အဖြစ် လက်ဆောင်ချီးမြင့် ပေးသွားမှာ ဖြစ်ပါတယ်။

KSW

Laptop, Desktop နှင့် Printer များကို ကုမ္မဏီမှပေးသော ပရိုမိုးရှင်းအပြင် ချိုသာသောဈေးနှုန်း အထူး Discount များဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူသော Customer များအတွက် အထူးလက်ဆောင်များစွာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ KSW အနေနဲ့ လာရင်မှန်တယ် ဝယ်ရင်တန်မယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Customer များ စိတ်ကျေနပ်မှု ရနိုင်စေရန်အတွက် စီစဉ်ထားတယ်ပါတယ်။ Laptop နှင့် Desktop Product များကို Brand အစုံ၊ Printer များကို မော်ဒယ်အစုံ ရောင်းချပေးသွားမှာဖြစ်ပြီး Customer များအတွက် စိတ်ချမ်းမြေ့မှု ရှိစေရန်နှင့်ယုံကြည်မှု ရှိစေရန်အတွက် တစ်သက်တာ အာမခံဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Chrome

Chrome အမှတ်တံဆိပ် Keyboard, Mouse, Power Bank, Socket နဲ့ UPS များကို 50% အထိ Happy Hour Discount အထူးအစီ အစဉ်များဖြင့် ရောင်းချပေးသွားမှာပါ။

AV Tech

အရည်အသွေး အထူးကောင်းမွန်ပြီး Made in Taiwan အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ AV Tech CCTV & IP Camera များကို ပြပွဲအတွင်းမှာ Happy Hour Discount အစီအစဉ်အနေနဲ့ 40% အထိ လျှော့ပြီး ရောင်းချပေးသွားမှာ ဖြစ်တဲ့အပြင် Tiger Supply, Tech Plus နဲ့ Trophy ကုမ္မဏီများမှ ကျွမ်းကျင်ပညာရှင်များနဲ့ တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။

Silicon Power

Memory Stick တစ်ချောင်းလျှင် တစ်ထောင်ကျပ်နှုန်းဖြင့် အရေအတွက် ကန့်သတ်ကာ ဈေးလျှော့ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်အမှတ်တံဆိပ် Silicon Power Memory Stick များကို အထူးလျှော့ဈေးများဖြင့် တစ်သက်တာ အာမခံ၍ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Do Do Ko Ko

Second Hand Laptop များနှင့် Desktop များကို အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Winter Root

Second Hand iPhone များကို Customer များအတွက် အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Neo Tech

Product များစွာကို 80% အထူး Discount ဈေးနှုန်းများဖြင့် ဈေးလျှော့ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။

Life Mark

Laptop နှင့် Desktop များကို အထူးလျှော့ဈေးများဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူသော Customer များအတွက် အထူးလက်ဆောင်များ၊ ကံစမ်းမဲများ၊ ဝန်ဆောင်မှု အပြည့်ဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

အထူးအစီ အစဉ်များဖြင့် ရောင်းချပေးမည့် ကုမ္မဏီများ၏ အမည်နှင့် အခန်းနံပါတ်များ

Booth. 1 (Neo Tech + Life Mark)
Booth. 2 (Tiger Supply)
Booth. 3 (SP + Dell + Kaspersky)
Booth. 4 (DoDoKoKo)
Booth. 5 (Winter Root)
Booth. 6 (Delux + Crome)
Booth. 7 (AVTECH)
Booth. 8 (KSW)
Booth. 9 (Sonicgear + Power Logic)

ပြပွဲသို့လာရောက်သည့် Customer များအတွက် ရရှိနိုင်မည့် အခွင့်အရေးများ

မင်္ဂလာပါ မန္တလေးပရိတ်သတ်ကြီးရေ။ ၂၀၁၆ ခုနှစ်နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ “လာရင်မှန်တယ် ဝယ်ရင်တန်မယ်” ဆိုတဲ့ IT ပြပွဲကြီးကို ဇန်နဝါရီ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ နေ့စဉ်နံနက် ၁၀ ကနေ ည ၇ နာရီအထိ မန္တလေးမြို့ရဲ့ Swan Hotel မှာ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေဖြစ်တဲ့ Mobile, IT, Networking, CCTV နဲ့ တခြားလုံခြုံရေးပစ္စည်း အသစ်အဆန်းတွေကို ပါဝင်ပြသမှာဖြစ်ပြီး ဘယ်သူမဆိုပြပွဲကို ဖုန်းတစ်လုံး ယူလာရုံဖြင့် Laptop, Mobile Phone နဲ့ Tablet တွေကို ကံစမ်းနိုင်မှာဖြစ်ပြီး အခမဲ့လက်ဆောင်တွေ ရရှိမှာဖြစ်လို့ လက်မလွှတ်စေပဲ မဖြစ်မနေ လာရောက်ဖို့ ဖိတ်ခေါ်လိုက်ရ ပါတယ်ခင်ဗျာ။  မမေ့နဲ့နော် “လာရင်မှန်တယ် ဝယ်ရင်တန်မယ်”

အသေးစိတ် အချက်အလက်များကို သိရှိချင်တယ်ဆိုရင်တော့ Facebook Page မှာ “neotechnetwork” လို့ရိုက်ထည့်ပြီး ဖတ်ရှုနိုင်ပါပြီ။