Lenovo Ideapad 100S

Lenovo-Ideapad-100S-SH-4pda.to-2016jan7.gif

USD-199.99

အားသာချက်

Lenovo 100S တွင် အရောင်အသွေး တောက်ပပြီး လက်ဗွေရာ မထင်သော ကိုယ်ထည်အပြင် သက်တောင့်သက်သာရှိသော keyboard နှင့် တာရှည်ခံ ဘက်ထရီ သက်တမ်းတို့ ပါဝင်သည်။

အားနည်းချက်

၎င်းတွင် touchscreen မပါဝင်သည့်အပြင် ခေတ်မမှီသော touchpad သုံးစွဲရသည်မှာ စိတ်ပျက်ဖွယ်ရာ ကောင်းသည်။ အလုပ်လုပ်ကိုင်ရာတွင် တွင်ကျယ်မှုမရှိသလို မျက်နှာပြင် ရုပ်ထွက်အရည်အသွေးမှာ နိမ့်ပါးသည်။

အသေးစိတ်ဖော်ပြချက်

Lenovo Ideapad 100S တွင် မြင်တွေ့ဖူးသမျှ တန်ဖိုးနည်း laptop များအနက် အကောင်းဆုံး keyboard ပါဝင်လာသည်။ Lenovo Ideapad 100S ကိုယ်ထည်ကို အရောင်စုံ ထုတ်လုပ်ထားသည့်အပြင် ခိုင်မာမှုရှိသည်။ Lenovo ၏ keyboard ဒီဇိုင်းမှာ အလွန်သေသပ်သောကြောင့် တန်ဖိုးနည်း ultra book များအနက် ရွေးချယ်သင့်သော ထုတ်ကုန်ဖြစ်သည်။ ၎င်း၏ touchpad မှာသမားရိုးကျ clickpad စတိုင်လ်မဟုတ်ဘဲ mouse ခလုတ်နှစ်ခုကို ခွဲခြားထားသော စတိုင်လ်ဖြစ်သည်။ အဆိုပါ keyboard ဒီဇိုင်းမှာ စာဖတ်သူများအတွက် အလွန်သင့်တော်သည်။

Ideapad 100S ၏မျက်နှာပြင်အရွယ်မှာ ၁၁.၆ လက်မဖြစ်ပြီး ရုပ်ထွက်အရည်အသွေးမှာ 1,366×768 ဖြစ်သည်။ Laptop ၏ကိုယ်ထည်ကို အလူမီနီယမ် ဖြင့်ဖန်တီးထားပြီး သပ်ရပ်စွာ ဖန်တီးထားသည်။ Laptop ၏အဖုံး အကွေးအဆန့်ကို ပြုလုပ်သည့် ပတ္တာမှာ ခိုင်ခံ့မှု မရှိပေ။

Lenovo Ideapad 100S ၏ကိုယ်ထည်မှာ ထူထဲသောကြောင့် USB 2.0 port တစ်စုံ၊ HDMI output နှင့် micro-SD ကတ်ပေါက်တို့ ပါဝင်သည်။

လက်ရှိတွင် Lenovo သည် Ideapad 100S ကိုအဖြူ၊ အနီ၊ အပြာနှင့် ငွေရောင်ကိုယ်ထည်သာ ထုတ်လုပ်ထားပြီး Intel Atom Z3735 CPU, RAM 2GB နှင့် solid-state storage 32GB တို့ပါဝင်လာသည်။

ဘက်ထရီ

Lenovo ၏ Ideapad 100S သည် ၁၁ နာရီ ၁၇မိနစ်ကြာ ဗီဒီယိုများကို ကြည့်ရှုနိုင်ကြောင်း ဘက်ထရီ အားပြုန်တီးမှု စမ်းသပ်မှုမှ သိရသည်။

Ref: CNET