Genius DVR FHD 660G Vehicle Recorder

Genius-DVR-FHD-660G-Vehicle-Recorder-1.jpg

သွားလေရာတွင် မှတ်တမ်းတင်ပေးမည့်  Genius အမှတ်တံဆိပ် DVR  FHD 660G မော်ဒယ်ဖြင့် Vehicle Recorder တစ်မျိုး ၀င်ရောက်လာသည်။ WDR (Wide Dynamic Range) ကြောင့် ကြည်လင်ပြတ်သားသော  ပုံရိပ်များနှင့် အရည်အသွေးကောင်းမွန်သော ပုံရိပ်များနှင့် ဗီဒီယိုများကိုရရှိနိုင်မည်ဖြစ်သည်။ ကားမောင်းနှင်နေသမျှ မှတ်တမ်းတင်ပေးမည် ဖြစ်သည့်အတွက် တစ်နေ့တာ အတွက်ကိုလည်း ပြန် လည်ကြည့်ရှုနိုင်မည် ဖြစ်သည်။  Micro SD ကတ်ဖြင့် 32GB အထိ ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ ကင်မရာ၏ အနောက်ဘက်တွင် ၂. ၄ လက်မ အရွယ်အစားရှိသော TFT စကရင် တစ်ခုပါရှိသည်။  ကားပေါ်တွင်မရှိသည့် အချိန်များတွင်လည်း လှုပ်ရှားမှုတိုင်းအား Record ပြုလုပ်ပေးနေမည် ဖြစ်သည်။ Car Cigarette တွင် တပ်ဆင်အသုံးပြုရမည် ဖြစ်သည်။  G-Sensor နှင့် GPS ပါဝင်သည်။ စုပ်ခွက် ပါဝင်သည့်အတွက် ကား Dashboard ပေါ်တွင်လည်း တပ်ဆင်ထားနိုင်မည် ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် Micro Computer Co., Ltd.အမှတ် ၁၄၃၊ ၄၆ လမ်း(အထက်)၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း ၂၉၄၅၀၃ ၊ ၃၉၈၈၆၆၊ ၃၉၈၈၆၇  နှင့် ၂၀၂၄၅၃ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။