Work.com.mm မှ ဒုတိယ အကြိမ်မြောက် အလုပ်အကိုင်ပြပွဲ ကျင်းပမည်

11045393_945037168910088_2632921090636519608_n.jpg

ဒုတိယအကြိမ်မြောက် အဖြစ် Work.com.mm မှ ဦးစီးကာ ကျင်းပပြုလုပ်မည် အလုပ်အကိုင်ပြပွဲကို ဇန်န၀ါရီလ ၁၆ ရက် မှ ၁၇ ရက် ထိရန်ကုန်မြို့  MICT Park ထဲတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြပွဲကို လာရောက်သူတွေ အနေနဲ့ သူတို့ နဲ့ ကိုက်ညီပြီး လစာကောင်းတဲ့နေရာတွေကို ရှာတွေ့ လိမ့်မယ်လို့  ထင်ပါတယ်။ ပွဲကိုတော့အရင်တုန်းက ၂၀၁၅ ခုနှစ်မေလမှာ တုန်းက ပြုလုပ်ခဲ့ပြီးတော့ တက်ရောက်ခဲ့တဲ့သူပေါင်း တစ်သောင်းခွဲလောက် လာကြပါတယ်။ အလုပ်ရှာဖွေသူတွေနဲ့  ဝန်ထမ်းခေါ်ယူလိုသူတွေရဲ့ တောင်းဆိုချက် အရ အခုလိုမျိုး ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု Work.com.mm မှတာဝန်ရှိသူတစ်ဦးမှပြောသည်။

အဆိုပြပွဲတွင် ဆွေးနွေးပွဲများနှင့် ပညာရှင်များမှ ဗဟုသုတများကိုနှီးနှောဖလှယ်ပွဲများလည်း ပါဝင်မည်ဖြစ်သည်။ ပြပွဲ၌ ကုမ္ပဏီပေါင်း ၃၀ ကျော်မှ ပါဝင်ပြသကြမည်ဖြစ်ပြီး ၎င်းတို့အတွက် လိုအပ်သော ရာထူးများနှင့် လုပ်ငန်းများအတွက် လက်တွေ့ အင်တာဗျူးသွားမည်ဖြစ်သည်။

ပြပွဲလာရောက်ရန် အတွက် Register ပြုလုပ်ရမည့်နေရာမှာ https://www.work.com.mm/go/jobfair ဖြစ်ပြီး Register ပြုလုပ်သူများအနေဖြင့် iPhone6 အား ကံစမ်းမဲပြုလုပ်ကာ မဲဖောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်အချက်အလက်များမေးမြန်လိုပါက ဖုန်း-၀၉ ၂၆၁၆၀၁၀၉၆ ၌ ဆက်သွယ်မေးမြန်နိုင်မည် ဖြစ်သည်။