ကမ္ဘာ့ပထမဦးဆုံး 802.11ad router ကို TP-Link မိတ်ဆက်

tplink1.jpg

Acer က ကမ္ဘာ့ပထမဦးဆုံး 802.11ad လက်တော့ပ်ကို ကြေညာပြီး နှစ်ရက်အကြာတွင် TP-Link က ကမ္ဘာပထမဦးဆုံး 802.11ad router ဖြစ်သော Talon AD7200 ကို မိတ်ဆက်ပေးခဲ့သည်။

802.11ad သည် 60GHz WiFi စံသတ်မှတ်ချက်ဖြစ်ပြီး ယခင် Wi-Fi router များထက် သုံးဆပိုမိုလျင်မြန်စေမည် ဖြစ်သည်။

Talon Ad7200 multi-band WiFi router အချက်အလက်လွှဲပြောင်းနှုန်း 7.2Gbps အထိ အထောက်အပံ့ပေးနိုင်သောကြောင့် 4K ရုပ်ရှင်တစ်ကားကို ထုတ်ကုန်များအကြား stream လုပ်ခြင်းကဲ့သို့သော ဖိုင်ဝေမျှခြင်းအတွက် အလွန်အသုံးတည့်စေမည် ဖြစ်သည်။ ထို့အပြင် အဆိုပါ router သည် 802.11a, b, g, n နှင့် ac တို့ကိုလည်း 2.4GHz နှင့် 5GHz ဖြင့် ထောက်ပံ့ပေးနိုင်သည်။

၎င်းတွင် ခေါက်ထားနိုင်သော အင်တာနာ ၈ ခုပါဝင်ပြီး external drive အတွက် USB 2.0 port နှစ်ခုနှင့် gigabit ethernet port လေးခု ပါဝင်သည်။

Talon AD7200 အတွက် ဈေးနှုန်းကို ကြေညာထားခြင်း မရှိသေးသော်လည်း ယခုနှစ် ဒုတိယသုံးလပတ်တွင် ရောင်းချသွားမည်ဟု သိရသည်။

Ref: Engadget