Oculus Rift ကို ကန်ဒေါ်လာ ၅၉၉ ဖြင့် ကြိုတင်မှာယူမှု ပြုလုပ်နိုင်

oculus-rift-preorer-2016-01-06-01.jpg

သုံးစွဲသူများအတွက် ရည်ရွယ်သော ပထမဆုံး Oculus Rift ကို ကန်ဒေါ်လာ ၅၉၉ ဖြင့် ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Oculus Rift ကို မတ်လ ၂၈ ရက်နေ့တွင် ကနဦးအဖြစ် တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း သတ်မှတ်ထားသော်လည်း ဧပြီလမှသာ တင်ပို့သွားမည်ဟု ပြောင်းလဲထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် Oculus Rift ကို ကြိုတင်မှာယူခွင့်ပြုပြီး ၁၅ မိနစ်တွင် ထုတ်ကုန်အားလုံး ရောင်းကုန်သွားခဲ့သည်။ ကန်ဒေါ်လာ ၅၉၉ဖြင့်မှာယူထားသော Oculus Rift headset, sensor, Lucky’s Tale and Eve:Valkyrie ဂိမ်း၊ ကြိုးများ၊ Oculus အဝေးထိန်းခလုတ်နှင့် Xbox One ကြိုးမဲ့ခလုတ်တို့ ပါဝင်သည်။ Oculus Touch ခလုတ်များကို ၂၀၁၆ ခုနှစ် နှစ်ဝက်မှသာ တင်ပို့ရောင်းချပေးသွားမည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် သတိပြုရမည့် အချက်မှာ Oculus Rift နှင့်တွဲဖက် အသုံးပြုရန် ကန်ဒေါ်လာ ၅၀၀ နှင့် ၁,၀၀၀ အကြားတန်ဖိုးရှိ gaming ကွန်ပျူတာကောင်း ကောင်းတစ်လုံး လိုအပ်မည် ဖြစ်သည်။

အကယ်၍ တစ်ပါတည်းမှာယူလိုသူများအတွက် Oculus က Rift နှင့် ကွန်ပျူတာ bundle ကို ကန်ဒေါ်လာ ၁,၄၉၉ ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး ဖေဖော်ဝါရီလဆန်းတွင် ကြိုတင်မှာယူခွင့်ပြုမည် ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် bundle ရောင်းချမည့် ကွန်ပျူတာ spec စာရင်းကို ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။

Ref: Engadget