Genius PenSketch M912 Graphic Tablet

Genius-PenSketch-M912-Graphic-Tablet1.jpg

Graphic designer များအတွက် ၀င်ရောက်လာသည့် LPI 5120 ရှိသော မြင့်မား သည့်အရည်အသွေးဖြင့် လက်နှင့် ကိုယ်တိုင်ဆွဲနေသကဲ့သို့ ခံစားရမည့် 9” x 12” မျက်နှာပြင်ဖြင့်  Genius အမှတ်တံဆိပ် PenSketch M912 Graphic Tablet ဖြစ်သည်။ Tablet နှင့်တွဲ ဖက်ပါဝင်သည့် Mouse နှင့် Pen မှာ ဘက်ထရီ ထည့်သွင်းစရာ မလိုသည့် အတွက် မိမိစိတ်ကူးများကို စိတ်ကြိုက်ပုံဖော်နိုင်မည် ဖြစ်သည်။ Express Key ၈ ခု ပါဝင်သည့်အတွက် Function များကို လွယ်ကူစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ လက်ရေးနှင့် Note များကိုလည်း ဖန်တီးနိုင်မည်ဖြစ်ပြီး  လက်မှတ်ထိုးခြင်းများကို လွယ်ကူစွာဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။ ဆွဲထားသောဖိုင်များကို JPG,TIF,BMP စသည့် Format များဖြင့် သိမ်းဆည်းနိုင်မည် ဖြစ်သည်။ အသုံးပြုလိုသူများအနေဖြင့် Micro Computer Co., Ltd.အမှတ် ၁၄၃၊ ၄၆ လမ်း(အထက်)၊ ဗိုလ်တထောင်မြို့နယ် ဖုန်း ၂၉၄၅၀၃ ၊ ၃၉၈၈၆၆၊ ၃၉၈၈၆၇  နှင့် ၂၀၂၄၅၃ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။