ငွေစက္ကူ စစ်ဆေးနိုင်မည့် ဓာတ်မီး

Torch-light-AA-YGN-product-2015DEC30.jpg

ငွေစက္ကူ စစ်ဆေးနိုင်မည့် ဓာတ်မီးတစ်မျိုးဖြစ်သည်။ ငွေစက္ကူ အတု၊ အစစ်၊ ကားလိုင်စင်နှင့် ဝှီးတက်ကဲ့သို့ စာရွက်များပါ အတု၊ အစစ် စစ်ဆေးပေးနိုင်သည့် UV မီးပါ ထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူများအနေဖြင့် အသုံးတည့်စေမည်ဖြစ်သည်။ ပုံမှန်ဓာတ်မီးမှာ CREE အမျိုးအစား LED မီးလုံးတစ်လုံးဖြင့် အဖြူရောင်အလင်းကို ထုတ်ပေးမည်ဖြစ်ပြီး မီးလုံးသက်တမ်း နာရီတစ်သိန်းအထိ ခံနိုင်မည်ဖြစ်သည်။ မီးအလင်း၊ အမှိန်၊ အချက်ပြသုံးမျိုးပါဝင်ပြီး မီးကို အလင်းအစု၊ အကျဲလုပ်နိုင်မည်ဖြစ်သည်။ 3.7 V 4200 mAh ရှိသော အားသွင်းနိုင်သည့် Lithium ဓာတ်ခဲကို အသုံးပြုထားပြီး အကြိမ် ၅၀၀ အထိ အားပြန်သွင်းကာ အသုံးပြုနိုင်မည် ဖြစ်သည်။ ဓာတ်ခဲအားကုန်ခဲ့ပါကလည်း အရေးပေါ် AAA ဓာတ်ခဲသုံးလုံးဖြင့် ထည့်သုံးနိုင်မည်ဖြစ်သည်။ ရေစိုခံဖြစ်ပြီး အလူမီနီယံသတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားသည်။ ငွေစစ်မီးမှာခလုတ် သီးသန့်ဖြစ်သည်။ အိတ်ဆောင်အရွယ်အစားဖြစ်ပြီး တန်ဖိုးကျပ် ၁၈,ဝဝဝ ဖြင့် Asia Best Link  ဖုန်း – ၃၉၉၁၂၉ နှင့် ၀၉၅၁၀၉၄၄၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။