Huawei မှ Customer Service Center သစ် ဖွင့်လှစ်

IMG_8051.jpg

ထိပ်တန်း စမတ်ဖုန်းများကို ထုတ်လုပ်လျက်ရှိသည့် တရုတ်နိုင်ငံ အခြေစိုက် Huawei မှ ၎င်းတို့၏ Customer Service Center သစ် ဖွင့်ပွဲအခမ်းနားကို ဒီဇင်ဘာ ၃၀ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အမှတ် (၂၀)၊ အခန်း (၂)၊ နှင်းဆီလမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် Huawei မှ တာဝန်ရှိ လူကြီးမင်းများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး Huawei Consumer Business Group မှ Global Service Director Mrs. Tracy Guo က အဖွင့်အမှာစကား ပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ “ကျွန်မတို့ Huawei ဟာဆိုရင် မြန်မာနိုင်ငံမှာ နံပါတ် ၁ အမှတ်တံဆိပ်အဖြစ် ရပ်တည်လျက်ရှိပြီး ကမ္ဘာမှာ နံပါတ် ၂ Android စမတ်ဖုန်း အမှတ်တံဆိပ်အဖြစ် ရပ်တည်လျက်ရှိပါတယ်။ Huawei က စမတ်ဖုန်း လုပ်ငန်းမှာ သာမကပဲ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းမှာလည်း နံပါတ် ၁  အဖြစ် ရပ်တည်လျက် ရှိပါတယ်။

Huawei က ကုန်ပစ္စည်း အရည်အသွေးကို အစဉ်အလေးထားလျက်ရှိပြီး After Sales Services ကိုလည်း အမြဲဂရိုစိုက် ဆောင်ရွက်လျက်ရှိပါတယ်။ Huawei  အနေနဲ့ သုံးစွဲသူများအတွက် အနွေးထွေးဆုံး ဝန်ဆောင်မှုများ ပေးအပ်နိုင်အောင် အစဉ်ကြိုးစား လျက်ရှိပြီး ဒီ Customer Service Center ကနေ တစ်ဆင့် မြန်မာနိုင်ငံမှာ အကောင်းမွန်ဆုံး ဝန်ဆောင်မှု အရည်အသွေးများကို ပေးအပ်သွားမှာဖြစ်ပါတယ် “ ဟု Mrs. Tracy Guo က ပြောပြခဲ့သည်။

အဆိုပါ Huawei Customer Service Center တွင် ဖုန်းများကို ပြုပြင်ပေးခြင်း၊ အတုအစစ် စစ်ဆေးပေးခြင်း၊ Version Update ပြုလုပ်ပေးခြင်း၊ Applications များ ထည့်သွင်းပေးခြင်း၊ မော်ဒယ်မြင့် ဖုန်းများအတွက် VIP ဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ Collection Points များဖွင့်လှစ်ခြင်း၊ ၁၀၀ ရာခိုင်နှုန်း original အပိုပစ္စည်းများ အသုံးပြုခြင်းစသည့် ဝန်ဆောင်မှုများ ရရှိမည်ဖြစ်ကြောင်း သိရသည်။