Casio ၏ Android Wear စမတ်နာရီကို ဒေါ်လာ ၅၀၀ ဖြင့် ရောင်းချမည်

casio-wsd-f10-android-wear-smart-watch-product-photos-7.jpg

Casio သည် iPhone နှင့် Android ထုတ်ကုန်များအတွက် ကုမ္ပဏီ၏ ပထမဦးဆုံး စမတ်နာရီကို CES 2016 ပြပွဲတွင် မိတ်ဆက်ကြေညာခဲ့သည်။

WSD-F10 ဟု သိရှိထားကြသော Smart Outdoor Watch ကို အိမ်အပြင်ဘက်တွင် ဝတ်ဆင်ပြီး ဆက်သွယ်မှုပြုလုပ်လိုသူများအတွက် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်။ Built-in microphone တစ်ခုပါဝင်သော အဆိုပါ နာရီကို ရေအနက် မီတာ ၅၀ တွင် အသုံးပြုနိုင်ပြီး အမေရိကန်စစ်တပ် စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် တည်ဆောက်ထားသည်။

Dual-layer display တွင် အဖြူအမည်း LCD တစ်ခုနှင့် ကာလာ LCD တစ်ခုပါဝင်သည်။ ၎င်းသည် နာရီ၏ဘက်ထရီ သက်တမ်းကို ပိုမိုကောင်းမွန်စေပြီး ပုံမှန်သုံးစွဲခြင်းကို တစ်ရက်ခွဲမှ နှစ်ရက်ခန့်အထိ အသုံးပြုနိုင်စေမည် ဖြစ်သည်။

၎င်းစမတ်နာရီတွင် Android Wear ကို အသုံးပြုထားသောကြောင့် iPhone နှင့် Android ထုတ်ကုန်မှ notification များကို ဖော်ပြပေးနိုင်သည်။

သို့သော်လည်း အခြား Android Wear နာရီများနှင့် မတူညီသည်မှာ optical heart rate trakcer မပါဝင်ပေ။ သို့ရာတွင် tool ခလုတ်ကို ဖိကာ အသုံးပြုနိုင်မည့် pressure sensor နှင့် သံလိုက်အိမ်မြှောင်တို့ ပါဝင်သည်။ နေထွက်ချိန်နှင့် နေဝင်ချိန်ကဲ့သို့သော အိမ်အပြင်ဘက်မှ ပတ်ဝန်းကျင်အခြေအနေများအတွက် အသုံးတည့်စေမည့် feature များ ထောက်ပံ့ပေးထားသလို လေထုဖိအားပြောင်းလဲမှုနှင့် အခြားအချက်အလက်များကို လျင်မြန်စွာ အသုံးပြုနိုင်ရန်အတွက် app ခလုတ်ကိုလည်း ထောက်ပံ့ပေးထားသည်။

Casio Smart Outdoor Watch WSD-F10 ကို ဧပြီလတွင် ဒေါ်လာ ၅၀၀ ဖြင့် ရောင်းချမည် ဖြစ်သည်။

Ref: CNET