Twitter ၌ စာလုံး ၂၀၀၀ ပါဝင်သော tweet များ မကြာမီ ရေးသားနိုင်ဖွယ်ရှိ

twitterbycorbiscrop.jpg

Twitter တွင် ရှည်လျးသော tweet များရေးသားနိုင်မည်ဟူသော ကောလာဟလသတင်းများသည် မတ်လကုန်တွင် အမှန်တကယ်ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။

ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် ကုမ္ပဏီသည် ၁၀ နှစ်သက်တမ်းရှိပြီဖြစ်သော microblogging ဝန်ဆောင်မှု၏ အမှတ်အသားဖြစ်သော ကန့်သတ်ထားသည့် စာလုံးရေ ၁၄၀ ထက်ကျော်လွန်သော tweet များရေးသားနိုင်မည့် နည်းလမ်းကို ရှာဖွေလျက်ရှိသည်။ လက်ရှိတွင် Twitter သည် စာလုံးရေ ၂,၀၀၀ ခန့် ပါဝင်သော tweet များ ရေးသားနိုင်ရန် စီစဉ်နေကြောင်း Recode မှ ဖော်ပြခဲ့သည်။

Twitter မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒေါ်စီသည် သုံးစွဲသူအသစ်များအား ဆွဲဆောင်နိုင်စေမည့် နည်းလမ်းများကို ရှာဖွေလျက်ရှိသည်။ Twitter ကို လစဉ်သုံးစွဲသူသည် သန်း ၃၂၀ ရှိကြောင်း ကုမ္ပဏီက အောက်တိုဘာလတွင် ပြောကြားခဲ့သည်။ ထိုကိန်းဂဏန်းများအရ Twitter သုံးစွဲသူဦးရေသည် ယခင်လထက် ၁ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

သုံးစွဲသူအသစ်များကို ဆွဲဆောင်နိုင်ရန်အတွက် Twitter က ဗီဒီယိုများနှင့် ဓာတ်ပုံများထည့်သွင်းခြင်း၊ ရှာဖွေမှုရလဒ်များတွင် tweet များဖော်ပြခြင်း၊ အခြားသူများ၏ tweet များကို အလွယ်တကူရှာဖွေနိုင်ရန် ပြုလုပ်ခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။ သြဂုတ်လတွင် private chat များ၌ သုံးစွဲသူအချင်းချင်း စာလုံး ၁,၀၀၀ ပေးပို့နိုင်ရန် ကုမ္ပဏီက ပြုလုပ်ခဲ့သည်။

Ref: CNET