Samsung ၏ Gear S2 စမတ်နာရီကို iPhone နှင့် တွဲဖက်အသုံးပြုနိုင်တော့မည်

samsung-galaxy-gear-s2-rose-gold-020.jpg

တောင်ကိုရီယား အီလက်ထရွန်နစ်ကုမ္ပဏီ Samsung က Apple ၏ iOS software အသုံးပြုထားသော ထုတ်ကုန်များကို ၎င်း၏စမတ်နာရီများနှင့် တွဲဖက်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

Gear S2 ကို Apple ၏ iOS software အသုံးပြုထားသော iPhone နှင့် iPad ထုတ်ကုန်များနှင့် တွဲဖက်အသုံးပြုနိုင်မည်ဟု Samsung က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါသတင်းကို Samsung က လက်စ်ဗီးဂတ်စ်ရှိ Consumer Electronics Show (CES) ပြပွဲ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုခဲ့ရာ တက်ရောက်ခဲ့သော ပရိသတ်အများအပြား အံ့အားသင့်ခဲ့ရသည်။ ထိုအစီအစဉ်ကို ယခုနှစ်နှောင်းပိုင်းတွင် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များ ပြောဆိုခဲ့ခြင်း မရှိပေ။

အဆိုပါသတင်းကြောင့် iPhone သုံးစွဲသူများအနေဖြင့် Apple စမတ်နာရီအပြင် အခြားစမတ်ထုတ်ကုန်များကိုလည်း ရွေးချယ်နိုင်တော့မည် ဖြစ်သည်။ Samsung အနေဖြင့် Gear S2 ကို ပန်းနုရောင်နှင့် ပလတ်တီနမ်ဟူသော အရောင်သစ်နှစ်မျိုးကို ယမန်နှစ်နှောင်းပိုင်းတွင် ထုတ်ဖော်မိတ်ဆက်ခဲ့သည်။ အဆိုပါ အရောင်သစ် စမတ်နာရီများသည် ကန်ဒေါ်လာ ၃၀၀ တန် မူရင်းစမတ်နာရီထက် တန်ဖိုးမြင့်မားဖွယ်ရှိသည်။

Ref: CNET