LG Air-Con (Floorstand)

LG-Air-Con-(Floorstand)-.jpg

LG အမှတ်တံဆိပ် ASUQ-24GMC0 မော်ဒယ် Air-Con (Floorstand)  ဖြစ်သည်။ LG Floor Standing မှာ အပေါ်အောက်၊ ဘယ်ညာလှုပ်ရှားနိုင်သော Auto Swing Louver ဖြင့် စိတ်ချမ်းမြေ့ဖွယ်ရာလေအေးများကို မှုတ်ထုတ်ပေးမည်ဖြစ်သည်။ ဖုန်မှုန့်နှင့် Bacteria ပေါက်ဖွားခြင်းကို Antibacterial Filter က ကာကွယ်တားဆီးပေးပြီး ကျန်းမာရေးနှင့်ညီညွတ်သော စိတ်ချမ်းမြေ့စရာလေထုကို ဖန်တီးပေးသည်ဟု သိရသည်။ A/C ဖွင့်ထားစဉ် အသုံးပြုထားသော
Setting အား မှတ်သားထားပြီး ရုတ်တရက် မီးပျက်သွားပြီး မီးပြန်လာချိန်တွင် မီးမပျက်ခင်အသုံးပြုထားသော Setting Function များဖြင့်  A/C  အား အလိုအလျောက် ပြန်လည်မောင်းနှင်စေမည်ဖြစ်သည်။ အခန်းအရွယ်အစားပေါ်မူတည်၍ Duct Line ဖြင့် အသုံးပြုပါက ပိုမိုအေးမြသောလေကို ရရှိနိုင်ပြီး စွမ်းအင်ပိုမိုချွေတာနိုင်မည်ဖြစ်သည်။ 2.5 HP အမျိုးအစားဖြစ်ပြီး တန်ဖိုး ၂,၃၉၀,၀၀၀ ကျပ်ဖြင့် LG Showroom ဖုန်း ၀၁-၅၄၄၆၆၄၊ ၅၄၅၉၆၃ နှင့် ၅၅၅၉၉၆ ၌ ဆက်
သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။