OPPO စမတ်ဖုန်းလက်ဆောင် ရရှိနိုင်မည့် ခရစ်စမတ်အကြို ကံစမ်းဂိမ်းပြိုင်ပွဲ ကျင်းပမည်

11.jpg

OPPO စမတ်ဖုန်းလက်ဆောင် ရရှိနိုင်မည့် ခရစ်စမတ်အကြို ကံစမ်းဂိမ်းပြိုင်ပွဲကို OPPO မှ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ကံစမ်းဂိမ်းပြိုင်ပွဲကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်၊ ည ၈ နာရီမှ ဒီဇင်ဘာလ ၂၅ ရက်၊ ည ၁၁:၅၉ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူများအနေဖြင့် http://events.oppo.com/2015/xmas/mm/pc/index.php တွင် မိမိအမည်ကိုဖြည့်သွင်း၍ မိမိနှစ်သက်ရာ ခရစ်စမတ်ကတ်တွင် မိမိ၏ ကိုယ်ပိုင် OPPO အတွက် ဆုတောင်းစာသားများကို ဖြည့်သွင်းကာ Facebook မှတစ်ဆင့် မျှဝေ (Share) ခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ခရစ်စမတ်ဆုတောင်းရေးသားပြီးသည်နှင့် မိမိ ဆုလက်ဆောင်ပေါက်ခြင်း၊ မပေါက်ခြင်းကို သိရှိနိုင်မည် ဖြစ်သည်။ ဆုလက်ဆောင်အနေဖြင့် တန်ဖိုး ၁၉၉,ဝဝဝ ကျပ်ရှိသော OPPO Neo 7 စမတ်ဖုန်းသုံးလုံးအား ကံစမ်းရယူနိုင်မည်ဖြစ်ပြီး အဆိုပါစမတ်ဖုန်းမှာ ၅ လက်မအရွယ်အစား မျက်နှာပြင်နှင့် Selfie ဓာတ်ပုံများကို အရည်အသွေးကောင်းမွန်စွာဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။

OPPO Neo 7 စမတ်ဖုန်းအား Product Ambassador များအဖြစ် တေးသံရှင် မျိုးကြီး၊ ရဲရင့်အောင်နှင့် ခင်ဝင့်ဝါတို့အား ခန့်အပ်ထားကြောင်းသိရသည်။