Special Laser Stagelight

Special-Laser-Stageligh.jpg

ပြင်ပနေရာကျယ်များတွင် လေဆာရောင်ခြည်ကို အသုံးပြု ပြီး နံရံ၊ မျက်နှာကြက်နှင့် ပွဲစင်မြင့်များတွင် မီးရောင်စုံဖြင့် အလှဆင်သလို Indoor အခန်းတွင်းနှင့် အခန်းပြင်ပနေရာ သိပ်မကျယ်သော နေရာမျိုးများတွင်ပါ အသုံးပြုနိုင်သော Special အမည်ဖြင့်  Laser  Stagelight  မော်ဒယ်သစ် တစ်မျိုးကို Asia Best Link တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ မီးမှာ အစိမ်းရောင်ဖြစ်ပြီး မီးဒီဇိုင်းက ပုံစံအစုံ ဖြစ်သည်။ စိတ်ကြိုက် ထားလိုသော မီးဒီဇိုင်းကို Manual စနစ်ဖြင့် ချိန်ညှိထားနိုင်မည် ဖြစ်သည်။ နံရံ၊ မျက်နှာကြက်နှင့် ကြမ်းခင်း စိတ်ကြိုက်သုံးနိုင်ပြီး အရွယ်အစားမှာ ဘောပင်တစ်ချောင်း ပမာဏလောက်သာရှိသည့်အတွက် အိတ်ဆောင် သယ်ယူနိုင်သည့်အပြင် ထားရှိအသုံးပြုရာတွင်လည်း လွယ်ကူသည်။ မီးဒီဇိုင်းပုံစံပေး တံဆိပ်ခေါင်းကို ဖြုတ်လိုက်ပါက သာမန် Laser pointer တစ်မျိုးအဖြစ်ပြောင်းပြီး Stage, Presentation စသည်ဖြင့် လုပ်ငန်းသုံး ပစ္စည်းတစ်ခုလိုလည်း ပြောင်းသုံးနိုင်မည် ဖြစ်သည်။ ကြာရှည်ခံ 1300 mAh ရှိသော Rechargeable ဓာတ်ခဲကို သုံးထားပြီး အားသွင်းစက်လည်း ပါဝင်ပြီးဖြစ်သည်။ ဖုန်း ၃၉၉၁၂၉၊ ၀၉-၅၁၀၉၄၄၂ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။