4K camcorder တွေကို Panasonic မိတ်ဆက်

CES 2020 ပြပွဲမှာ Panasonic ဟာ live ထုတ်လွှင့်သူတွေ၊ ရုပ်သံလွှင့်သူတွေကို ပစ်မှတ်ထားတဲ့ HC-X1500, HC-X2000 နဲ့ AC-CX10 စတဲ့ camcorder ၃ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

အဲဒီ camcorder တွေအားလုံးအတွက် 60fps ရိုက်ကူးနိုင်တဲ့ 4K ဗီဒီယိုထောက်ပံ့ထားပြီး 25mm wide-angle lens, 24x optical zoom နဲ့ digital zoom 48x အထိပါဝင်လာပါတယ်။ ဒါ့အပြင် 10-bit internal ဗီဒီယိုမှတ်တမ်းတင်မှု ပါဝင်တဲ့အတွက် 4K 30fps နဲ့ FHD 60fps ရိုက်ကူးထားတာကို သိမ်းဆည်းနိုင်ပါတယ်။ ကင်မရာတိုင်းမှာ local memory အတွက် SD ကတ်ပေါက် ၂ ခု ပါဝင်လာပါတယ်။ ကင်မရာတွေမှာ HEVC video codex နဲ့ MOV, MP4 နဲ့ AVCHD လိုမျိုး ဖိုင်အမျိုးအစားကိုလည်း ထောက်ပံ့ထားပါတယ်။ AC-CX10 မော်ဒယ်ကတော့ MXF ဖိုင်တွေ ထောက်ပံ့ထားပြီး ရုပ်သံထုတ်လွှင့်မှု တည်းဖြတ်ရေးအတွက် ပိုမိုအဆင်ပြေပါတယ်။ ကင်မရာ ၃ မျိုးစလုံးမှာ HDMI ကတစ်ဆင့် 4K 60fps 10-bit output ထောက်ပံ့မှု ပါဝင်တဲ့အတွက် ရုပ်ထွက်အရည်အသွေးမြင့် ဗီဒီယိုကနေ external recorder အထိ ရိုက်ကူးနိုင်ပါတယ်။

HC-X1500, HD-X2000 နဲ့ AC-CX10 မှာ Wi-Fi ထောက်ပံ့မှုပါဝင်ကာ HD ဗီဒီယိုတွေအပြင် Facebook နဲ့ YouTube မှာ livestream လွှင့်နိုင်ဖို့ LAN အစိတ်အပိုင်း မလိုဘူးလို့ သိရပါတယ်။ AC-CX10 မော်ဒယ်မှာ Ethernet HD တိုက်ရိုက်ထုတ်လွှင့်မှု ထောက်ပံ့ပေးထားပါတယ်။

စိုးထက်
Ref: AndroidAuthority