Android OS ဖုန်းများတွင် ဓာတ်ပုံများအား Background ပြောင်းလဲခြင်း

Android OS ဖုန်းတွေမှာ ဓာတ်ပုံနောက်ခံ Background တွေကို ပြောင်းလဲအသုံးနိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်။ အသုံးပြုတဲ့ အခါမှာ ဓာတ်ပုံကို ကွန်ပျူတာတွေမှာ ဖိုတိုရှော့အသုံးပြုပြီး ဖြတ်ထားသလိုမျိုး နောက်ခံ Background တွေကို ဖျက်နိုင်ပြီး ကိုယ့်စိတ်ကြိုက် နောက်ခံပုံတွေကို ပြန်လည်ဖြည့်စွက် နိုင်မှာဖြစ်ပါတယ်။ ဒီလို အသုံးပြုနိုင်ဖို့အတွက် Photo Background eraser ဆော့ဖ်ဝဲကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကိုတော့ Play Store, 1 Mobile Market တို့ပေါ်မှာ အခမဲ့ရယူ အသုံးပြုနိုင်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ရှိပါတယ်။

ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာ အသုံးပြုနိုင်မယ့် စနစ်သုံးခု ရှိနေပါတယ်။ Gallery ဆိုတဲ့ စနစ်ကတော့ ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ ဓာတ်ပုံတွေထဲကနေ ရွေးချယ်နိုင်မှာဖြစ်ပြီး Camera ဆိုတဲ့စနစ်ကတော့ ဓာတ်ပုံတစ်ခုကို ချက်ချင်းရိုက်ပြီး ပြုပြင်နိုင်မယ့် စနစ်ဖြစ်ပါတယ်။ Mywork ဆိုတာကတော့ ကိုယ်ပြုပြင်ထားတဲ့ ဓာတ်ပုံတွေ တည်ရှိနေတဲ့ နေရာဖြစ်ပါတယ်။

Camera ဆိုတဲ့စနစ်ကို ရွေးချယ်ပြီး ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပါမယ်။ Camera ကိုရွေးချယ်လိုက်ရင်တော့ ကင်မရာပွင့်လာမှာ ဖြစ်ပြီး စိတ်ကြိုက် ဓာတ်ပုံတစ်ပုံ ရိုက်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။

ပုံမှာမြင်ရတဲ့ မြှားပုံကိုနှိပ်လိုက် ရင်တော့ဓာတ်ပုံကို ပယ်ဖျက်မှာဖြစ်ပြီး အသစ်ပြန်ရိုက်ရပါမယ်။ အမှန်ခြစ်ကိုနှိပ် လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ပုံကို လိုအပ်သလို ပိုင်းဖြတ်နိုင်မယ့် နေရာဖြစ်ပါတယ်။ ပုံကို ကိုယ့်စိတ်ကြိုက် ပိုင်းဖြတ်မှုတွေ ပြုလုပ်ပြီးရင်တော့ Done ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းဟာ ပုံကိုကိုယ့်စိတ်ကြိုက် ဖြတ်တောက်မှုတွေ၊ နောက်ခံ Background တွေကို ဖျက်ဖို့အတွက် နေရာဖြစ်ပါတယ်။ ပုံကိုဖြတ်တဲ့ နေရာမှာ အသုံးပြုနိုင်မယ့်စနစ် နှစ်ခုကို အပေါ်ဖက်မှာ ဘားတန်းလေးနှစ်ခုနဲ့ မြင်တွေ့နိုင် ပါတယ်။ ပထမဆုံး တစ်ခုဖြစ်တဲ့ Cursor Offset ဆိုတဲ့ စနစ်ကတော့ ကိုယ်က ပုံကိုဖြတ်တဲ့နေရာမှာ ကိုယ်က ဖြတ်ဖို့အတွက် ဆွဲသွားတဲ့ မျဉ်းကြောင်းတွေကိုပုံနဲ့ကပ်ပြီး ယူမယ် ဒါမှမဟုတ် ပုံနဲ့ခပ်ဝေးဝေးကနေယူမယ် အစရှိသဖြင့် အတိုးအလျှော့ ပြုလုပ်နိုင်မယ့် နေရာဖြစ်ပါတယ်။

ဒုတိယ စနစ်ဖြစ်တဲ့ Brush Size ဆိုတဲ့ စနစ်ကတော့ ပုံကိုဖြတ်တဲ့နေရာမှာ ဖြတ်တောင်မှုအတွက် လိုအပ်တဲ့ လိုင်းအကြီး၊ အသေး အစရှိတဲ့ ဖြတ်တောက်မှု လိုင်းအရွယ်အစား ကိုချိန်ညှိနိုင်တဲ့ နေရာဖြစ်ပါတယ်။ အောက်မှာ ပြထားတဲ့ပုံကို ဆက်လက်ကြည့်ပါ။

ပုံကိုဖြတ်တဲ့ နေရာမှာ ကိုယ့်ရဲ့ဖြတ်တောက်မှုဟာ မှားယွင်းသွားတယ် ဆိုရင်တော့ Undo ဆိုတဲ့နေရာကို နှိပ်လိုက်ရင် အမှားကို ပြန်လည်ပြင်ဆင် နိုင်ပါတယ်။

ပုံကို အစအဆုံး ပြန်ဖြတ်မယ် ဆိုရင်တော့ Reset ဆိုတာကို နှိပ်နိုင်ပါတယ်။ ပုံကိုနောက်ခံ Background တွေဖြတ်တောက်တဲ့ နေရာမှာ လက်နဲ့ပဲပွတ်ပြီး ဖြတ်တောက်နိုင်သလို Touch Pen နဲ့လည်း ဖြတ်နိုင်ပါတယ်။ လက်နဲ့ဖြတ်တဲ့ အခါမှာတော့ ပုံရဲ့ဖြတ်တောက်မှု လိုင်းတွေမှာတိကျမှု အားနည်းချက် ရှိနေနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲကို အသုံးတဲ့အခါမှာ Touch Pen ကိုအသုံးပြုပြီး ပုံကိုဖြတ်မယ်ဆိုရင်တော့ ပိုပြီးတိကျ ကောင်းမွန်တဲ့ ဖြတ်တောက်မှု ပုံစံကိုရရှိ နိုင်ပါလိမ့်မယ်။ ပုံကို ကိုယ့်စိတ်ကြိုက် ဖြတ်ပြီးပြီ ဆိုရင်တော့ Select BG ဆိုတဲ့ စနစ်ကို နှိပ်လိုက်ပါ။

ဒါကတော့ နောက်ခံ Background ကို အသစ်ပြန်လည် ထည့်သွင်းတဲ့နေရာဖြစ်ပြီး စိတ်ကြိုက်နောက်ခံ Background ကိုရွေးချယ် ထည့်သွင်းနိုင်ပါတယ်။

-ကိုသက်