ဖုန်းများကို ပြန်လည် အားဖြည့်နိုင်သော Star Wars Rechargeable Mini Speaker

sw-mini-speakers.jpg

Star Wars Rechargeable Mini Speaker သည်ဖုန်းကို ကြိုးတစ်ခုတည်းဖြင့် ချိတ်ဆက်ထားပါက အားသွင်းနိုင်သည့်အပြင် သီချင်းလည်း နားထောင်နိုင်မည် ဖြစ်သည်။

Star Wars ဇာတ်ကားများကို ကြိုက်နှစ်သက် သူများအတွက် ရည်ရွယ်ထုတ်လုပ်ထားသော ၎င်းစပီကာများကို အရောင်နှင့် ပုံသဏ္ဍာန် နှစ်မျိုးဖြင့် ထုတ်လုပ်ထားသည်။ စပီကာများကို Star Wars ဇာတ်ကားမှ Darth Vader ဗားရှင်း (အမည်း) နှင့် Jedi Master ဗားရှင်း(အဖြူ) ဟူ၍ခွဲခြား ထုတ်လုပ်ထားသည်။ တန်ဖိုး ၂၉.၉၉ ဒေါ်လာရှိသော အဆိုပါ Rechargeable Mini Speaker သည် အရွယ်အစား သေးငယ်ပြီး အသံထွက်အားလည်း ကောင်းမွန်သည်။

စပီကာတွင် ပါဝင်သည့် USB port မှာ မိုဘိုင်းထုတ်ကုန်ကို အားသွင်းနိုင်ပြီး ၃.၅ မီလီမီတာ headphone slot မှာမူ ဖုန်းများကို ချိတ်ဆက်၍ သီချင်းနားထောင်နိုင်မည် ဖြစ်သည်။

-စိုးထက်
Ref: Coolest-Gadgets