Google နှင့်ယှဉ်ပြိုင်မည့် Mac browser ကို ဗီယက်နမ် search engine ကုမ္ပဏီမိတ်ဆက်

coccoc-mac-browser-720x481.jpg

ဗီယက်နမ်အခြေစိုက် search engine  ကုမ္ပဏီဖြစ်သည့် CocCoc သည် ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့်  Mac browser  သစ်ကို မိတ်ဆက်ပေးခဲ့သည်။

CocCoc  သည်ယခင်က  Windows ကွန်ပျူတာများအတွက် web browser ကိုဖြန့်ချိခဲ့ပြီး ၎င်းသည် ပြည်တွင်းဈေးကွက်တွင် တတိယနေရာမှ Firefox ကိုကျော်ဖြတ်ပြီး Chrome ၏နောက် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည်။

ထို့အပြင် လက်ရှိတွင် ကုမ္ပဏီ၏ search engine ကို Mac user များမှ အသုံးပြုမှုနှုန်း ၀.၆ ရာခိုင်နှုန်းသာ ရှိကြောင်း CocCoc ၏ အမှုဆောင် အရာရှိချုပ် ဗစ်တာလက်ဗ်ရန်ကိုက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ Mac browser သစ်ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။

CocCoc browser တွင် ဗီယက်နမ်ရှိ သုံးစွဲသူများအတွက် Chrome, Firefox နှင့် Safari တို့ကို မေ့ထားနိုင်စေမည့် feature အချို့ပါဝင်လာသည်။ ၎င်းတွင်ပါဝင်သည့် automatic diacritics သည် ဗီယက်နမ်ဘာသာဖြင့် စာရိုက်ခြင်းကို အလွယ်တကူ ပြုလုပ်စေနိုင်မည် ဖြစ်သည်။ ထို့အပြင် YouTube နှင့် အခြားပြည်တွင်း ဖျော်ဖြေရေးဆိုက်များ၊ မီဒီယာဆိုက်များ အပါအဝင် ဝက်ဘ်ဆိုက်များမှ download ပြုလုပ်ခြင်းကိုလည်း အလွယ်တကူ ပြုလုပ်စေနိုင်မည် ဖြစ်ကြောင်း သိရသည်။

-နောင်နောင်
(Ref : CNET)