48MP အပါအဝင္ ေက်ာဘက္ကင္မရာ ၃ လုံးနဲ႔ OnePlus 7 Pro

[ Zawgyi ]

OnePlus 7 Pro ဟာ အရင္ထုတ္ကုန္မ်ိဳးဆက္နဲ႔ မတူညီဘဲ မ်က္ႏွာျပင္၊ ကင္မရာနဲ႔ အသံပိုင္းဆုိင္ရာတို႔ကုိ အစအဆုံး ဒီဇိုင္းပုိင္း ျပန္လည္ျပင္ဆင္ၿပီး မိတ္ဆက္ခဲ့ပါတယ္။

OnePlus 7 Pro မွာ Fluid AMOLED လို႔ေခၚဆိုတဲ့ ၆.၆၇ လက္မ panel နဲ႔ ႐ုပ္ထြက္အရည္အေသြး QHD+ အျပင္ 90Hz refresh rate တို႔ပါဝင္လာပါတယ္။ ဒါ့အျပင္ ဖုန္းမ်က္ႏွာျပင္က HDR10+ အရည္အေသြးျမင့္ အေရာင္ေတြ ပုံေဖာ္ေပးႏိုင္ပါတယ္။

OnePlus 7 Pro မွာ ေရွ႕ကင္မရာကို pop-up mechanism အျဖစ္ ထည့္သြင္းထားတာေၾကာင့္ မ်က္ႏွာျပင္ပမာဏ ပိုမို က်ယ္ဝန္းလာပါတယ္။ ဖုန္းျပဳတ္က်သြားတဲ့အခါမွာ ကင္မရာကို ကာကြယ္ဖို႔အတြက္ pop-up ကင္မရာျပန္ဝင္သြားဖို႔ accelerometer ကေျခရာခံေပးပါတယ္။

OnePlus 7 Pro ဟာ ေက်ာဘက္မွာ ကင္မရာ ၃ လုံးပါဝင္တဲ့ ကုမၸဏီရဲ႕ ပထမဆုံးျဖစ္ပါတယ္။ အဓိကကင္မရာမွာ 48MP နဲ႔ ၁/၂ လက္မ Sony IMX586 sensor ပါဝင္လာပါတယ္။ ဒါ့အျပင္ f/1.6 aperture, OIS နဲ႔ EIS တို႔ပါဝင္လာပါေသးတယ္။ UltraShot feature သစ္ဟာ HDR+ (multi-fram stacking) ႐ုိက္ကူးႏိုင္ၿပီး Super Resolution လိုမ်ိဳး အလင္းအား ၄ ဆကုိ ဖမ္းယူၿပီး ဓာတ္ပုံေတြ ႐ိုက္ကူးေပးႏိုင္ပါတယ္။

8MP telephoto ကင္မရာကေတာ့ zoom ၃ဆ (၇၄ မီလီမီတာ focal length) f/2.4 lens ပါဝင္လာပါတယ္။ 16MP ultra-wide angle ကင္မရာတစ္ခုလည္း ပါဝင္လာပါတယ္။

ေက်ာဘက္ကင္မရာက 4K/60fps ဗီဒီယိုေတြ ႐ိုက္ကူးႏိုင္ပါတယ္။ ဒါ့အျပင္ slow-motion mode ၂ မ်ိဳးကုိ 1080p/240fps နဲ႔ 720p/480fps စတဲ့ ႐ုပ္ထြက္အရည္အေသြးနဲ႔ ႐ိုက္ကူးႏိုင္ပါတယ္။ အျခားကင္မရာ feature ေတြကေတာ့ dual LED flash နဲ႔ laser autofocus တို႔ပဲ ျဖစ္ပါတယ္။

OnePlus ဟာ in-display fingerprint reader မွာ ႀကီးမားတဲ့ တတိယေျမာက္ မ်ိဳးဆက္သစ္ sensor နဲ႔ lens သစ္ကိုတပ္ဆင္ၿပီး အဆင့္ျမႇင့္တင္ထားပါတယ္။ အဆင့္ျမႇင့္တင္ထားတဲ့ software နဲ႔ unlock အႀကိမ္ေရကို ျမန္ဆန္ေအာင္ ျပဳလုပ္ထားပါေသးတယ္။

OnePlus ဟာ Dolby နဲ႔ပူးေပါင္းၿပီး OnePlus 7 Pro အတြက္ စတီရီယိုစပီကာကုိ တုိးတက္ေအာင္ ဖန္တီးခဲ့ပါတယ္။ OnePlus 7 Pro မွာ ၃.၅ မီလီမီတာ နားၾကပ္ေပါက္ မပါဝင္ေပမယ့္ OnePlus ကထုတ္လုပ္တဲ့ Bullets Wireless 2 ကုိအသုံးျပဳႏိုင္ပါတယ္။

OnePlus 7 Pro မွာ Snapdragon 855 chipset နဲ႔အတူ 10-layer vapor chamber အေအးခံတဲ့စနစ္ကုိ အသုံးျပဳထားပါတယ္။ OnePlus 7 Pro မွာ RAM 12GB နဲ႔ storae 256GB ေမာ္ဒယ္ကိုလည္း ထုတ္ထားၿပီး 6/128GB ေမာ္ဒယ္ကေတာ့ အေျခခံထုတ္ကုန္ျဖစ္ပါတယ္။

ဖုန္းရဲ႕ ဘက္ထရီကလည္းႀကီးမားၿပီး 4,000mAh နဲ႔အတူ Warp Charge 30 (5V/6A) ပါဝင္လာပါတယ္။

ဖုန္းရဲ႕သတၱဳကုိယ္ထည္ေအာက္ခံၾကားထဲမွာ Gorilla Glass 5 ကိုအသုံးျပဳထားသလို ဖုန္းကုိ အေရာင္ ၃ မ်ိဳးနဲ႔ ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ အဲဒီ အေရာင္ေတြကေတာ့ အျပာႏု၊ မီးခိုးနဲ႔ မက္မြန္ေရာင္တို႔ပဲ ျဖစ္ပါတယ္။

OnePlus 7 Pro ကုိ အေမရိကန္၊ ကေနဒါ၊ ဥေရာပ၊ အိႏၵိယ၊ တ႐ုတ္နဲ႔ ေဟာင္ေကာင္တို႔မွာ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ ေဈးႏႈန္းေတြကိုေတာ့ ေအာက္မွာ ဇယားနဲ႔တကြ ေဖာ္ျပေပးလိုက္ပါတယ္။

OnePlus 7 အေရာင္ ေစ်းႏႈန္း
6/128GB မီးခိုး ေဒၚလာ ၆၇၀
8/256GB မီးခိုး ၊ အျပာ

ေဒၚလာ ၇၀၀

12/256GB အျပာ ေဒၚလာ ၇၅၀

စိုးထက္
Ref: GSMArena

[ Unicode ]

OnePlus 7 Pro ဟာ အရင်ထုတ်ကုန်မျိုးဆက်နဲ့ မတူညီဘဲ မျက်နှာပြင်၊ ကင်မရာနဲ့ အသံပိုင်းဆိုင်ရာတို့ကို အစအဆုံး ဒီဇိုင်းပိုင်း ပြန်လည်ပြင်ဆင်ပြီး မိတ်ဆက်ခဲ့ပါတယ်။

OnePlus 7 Pro မှာ Fluid AMOLED လို့ခေါ်ဆိုတဲ့ ၆.၆၇ လက်မ panel နဲ့ ရုပ်ထွက်အရည်အသွေး QHD+ အပြင် 90Hz refresh rate တို့ပါဝင်လာပါတယ်။ ဒါ့အပြင် ဖုန်းမျက်နှာပြင်က HDR10+ အရည်အသွေးမြင့် အရောင်တွေ ပုံဖော်ပေးနိုင်ပါတယ်။

OnePlus 7 Pro မှာ ရှေ့ကင်မရာကို pop-up mechanism အဖြစ် ထည့်သွင်းထားတာကြောင့် မျက်နှာပြင်ပမာဏ ပိုမို ကျယ်ဝန်းလာပါတယ်။ ဖုန်းပြုတ်ကျသွားတဲ့အခါမှာ ကင်မရာကို ကာကွယ်ဖို့အတွက် pop-up ကင်မရာပြန်ဝင်သွားဖို့ accelerometer ကခြေရာခံပေးပါတယ်။

OnePlus 7 Pro ဟာ ကျောဘက်မှာ ကင်မရာ ၃ လုံးပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံးဖြစ်ပါတယ်။ အဓိကကင်မရာမှာ 48MP နဲ့ ၁/၂ လက်မ Sony IMX586 sensor ပါဝင်လာပါတယ်။ ဒါ့အပြင် f/1.6 aperture, OIS နဲ့ EIS တို့ပါဝင်လာပါသေးတယ်။ UltraShot feature သစ်ဟာ HDR+ (multi-fram stacking) ရိုက်ကူးနိုင်ပြီး Super Resolution လိုမျိုး အလင်းအား ၄ ဆကို ဖမ်းယူပြီး ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။

8MP telephoto ကင်မရာကတော့ zoom ၃ဆ (၇၄ မီလီမီတာ focal length) f/2.4 lens ပါဝင်လာပါတယ်။ 16MP ultra-wide angle ကင်မရာတစ်ခုလည်း ပါဝင်လာပါတယ်။

ကျောဘက်ကင်မရာက 4K/60fps ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် slow-motion mode ၂ မျိုးကို 1080p/240fps နဲ့ 720p/480fps စတဲ့ ရုပ်ထွက်အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပါတယ်။ အခြားကင်မရာ feature တွေကတော့ dual LED flash နဲ့ laser autofocus တို့ပဲ ဖြစ်ပါတယ်။

OnePlus ဟာ in-display fingerprint reader မှာ ကြီးမားတဲ့ တတိယမြောက် မျိုးဆက်သစ် sensor နဲ့ lens သစ်ကိုတပ်ဆင်ပြီး အဆင့်မြှင့်တင်ထားပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ software နဲ့ unlock အကြိမ်ရေကို မြန်ဆန်အောင် ပြုလုပ်ထားပါသေးတယ်။

OnePlus ဟာ Dolby နဲ့ပူးပေါင်းပြီး OnePlus 7 Pro အတွက် စတီရီယိုစပီကာကို တိုးတက်အောင် ဖန်တီးခဲ့ပါတယ်။ OnePlus 7 Pro မှာ ၃.၅ မီလီမီတာ နားကြပ်ပေါက် မပါဝင်ပေမယ့် OnePlus ကထုတ်လုပ်တဲ့ Bullets Wireless 2 ကိုအသုံးပြုနိုင်ပါတယ်။

OnePlus 7 Pro မှာ Snapdragon 855 chipset နဲ့အတူ 10-layer vapor chamber အအေးခံတဲ့စနစ်ကို အသုံးပြုထားပါတယ်။ OnePlus 7 Pro မှာ RAM 12GB နဲ့ storae 256GB မော်ဒယ်ကိုလည်း ထုတ်ထားပြီး 6/128GB မော်ဒယ်ကတော့ အခြေခံထုတ်ကုန်ဖြစ်ပါတယ်။

ဖုန်းရဲ့ ဘက်ထရီကလည်းကြီးမားပြီး 4,000mAh နဲ့အတူ Warp Charge 30 (5V/6A) ပါဝင်လာပါတယ်။

ဖုန်းရဲ့သတ္တုကိုယ်ထည်အောက်ခံကြားထဲမှာ Gorilla Glass 5 ကိုအသုံးပြုထားသလို ဖုန်းကို အရောင် ၃ မျိုးနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ အရောင်တွေကတော့ အပြာနု၊ မီးခိုးနဲ့ မက်မွန်ရောင်တို့ပဲ ဖြစ်ပါတယ်။

OnePlus 7 Pro ကို အမေရိကန်၊ ကနေဒါ၊ ဥရောပ၊ အိန္ဒိယ၊ တရုတ်နဲ့ ဟောင်ကောင်တို့မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကိုတော့ အောက်မှာ ဇယားနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

Ref: GSMArena