POS Maid

PM111.jpg

POS Maid ဆိုတဲ့ ဆော့ဖ်ဝဲကတော့ လုပ်ငန်းငယ်နဲ့ အလတ်စား လုပ်ငန်းတွေမှာ အသုံးပြုနိုင်မယ့် စီးပွားရေး လုပ်ငန်းသုံး ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။ စာရင်းဇယားတွေကို ထည့်သွင်းအသုံးပြု နိုင်သလို၊ စာရင်းတွေကိုလည်း ထိထိရောက်ရောက် တွက်ချက်ပြီး မှတ်တမ်းတင်ပေးထားနိုင်မှာ ဖြစ်ပါတယ်။  ကုန်လှောင်ရုံတွေနဲ့ ကုမ္ပဏီတွေမှာ အသုံးပြုနိုင်မယ့် Feature တွေ ပါဝင်သလို၊ Appointment တွေအတွက် လည်း အချိန်တွေကို စာရင်းရေးဆွဲပြီး မှတ်တမ်းတင်ပေးထားနိုင်မှာ ဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲဟာ ကိုယ့်လုပ်ငန်းထဲမှာရှိတဲ့ ပစ္စည်းတွေကို ထည့်သွင်းပြီး မှတ်တမ်းတင်ထားနိုင် ခြင်း၊ ကုန်ပစ္စည်းတွေရဲ့ ရောင်းချတဲ့ အရေအတွက်တွေကို မှတ်တမ်းတင်ထားနိုင်ခြင်းများအပြင် ကုမ္ပဏီရဲ့ အကျိုးအမြတ်တွေကိုလည်း ဖော်ပြပေးနိုင်မှာ ဖြစ်ပါ တယ်။ ကိုယ်ထည့်သွင်းချင်တဲ့ Item တွေကို အလွယ်တကူနဲ့  ထည့်သွင်းနိုင်ဖို့အတွက် စီစဉ်ပေးထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲ တစ်ခုဖြစ်တဲ့ POS Maid ဆော့ဖ်ဝဲကို သုံးစွဲသူတွေ အဆင်ပြေပြေနဲ့အသုံးပြုတတ်စေဖို့အတွက် ရိုးရှင်းတဲ့ ဒီဇိုင်းသွင်ပြင်နဲ့ စီစဉ်ဖန်တီးပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပစ္စည်းတွေရဲ့ အမျိုးအမည်နဲ့ ဖောက်သည်တွေရဲ့ အချက်အလက်တွေကို သေချာမှတ်တမ်းတင် သိမ်းဆည်းပေးထားမှာဖြစ်ပြီး၊ ဖောက်သည်တွေကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေ၊ အီးမေးလ် လိပ်စာတွေ ကိုလည်း စနစ်တကျနဲ့ သိမ်းဆည်းပေးထားနိုင်မှာ ဖြစ်ပါတယ်။

ဆော့ဖ်ဝဲကို စီးပွားရေးလုပ် ငန်းငယ်များနှင့် အလတ်စား လုပ်ငန်းပိုင်းများတွင်သာ အသုံးပြုနိုင်ဖို့ အတွက်စီစဉ် ထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး၊ အခမဲ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲရဲ့ဖိုင် အရွယ်အစားက 6.21MB ခန့်သာ ရှိပြီး၊ Windows XP ကနေ  Windows 8 သုံးစွဲထားတဲ့ ကွန်ပျူတာများအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ လုပ်ငန်းအကြီးများ အတွက်ဆိုရင်တော့ အခကြေးငွေ ပေးသွင်းပြီး ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။