ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် စနá

technoland.gif

ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့တွင်းရှိ မြို့နယ် ၃၀ သို့ အိမ်တိုင်ရာရောက် စနစ်ဖြင့် ပို့ဆောင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အရောက်ပို့ဆောင်ခ အဖြစ် မြို့နယ်အလိုက် သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း ပို့ဆောင်ခပေးရမည်ဖြစ်ပြီး မိမိမှာယူထားသည့် ပစ္စည်း၏ တန်ဖိုးကိုအိမ်သို့ ပစ္စည်းရောက်ရှိမှသာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မြို့တွင်းဆိုရင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါတယ်။ အခုလောလောဆယ်တော့ မြို့နယ် ၃၀ ကို စတင် ပို့ဆောင် ရောင်းချပေးနေပါတယ်။ မြို့နယ်အလိုက် သယ်ယူပို့ဆောင် ခကတော့ကွာခြားပါတယ်။ အနည်းဆုံး ၁၀၀၀ ကျပ်ကနေ အများဆုံး ၃,၅၀၀ ကျပ်နဲ့ ၄,၀၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ ပစ္စည်းစမှာကတည်းက သယ်ယူပို့ဆောင်ခ ဘယ်လောက် ကျမယ်ဆိုတာကို ကျွန်တော်ဆီမှာ မေးမြန်းနိုင်ပါတယ်” ဟု Technoland မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ကျောက်တံတား၊ လသာ၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ တာမွေ၊ အလုံ၊ ကြည့်မြင်တိုင်၊ လှိုင်၊ အင်းစိန်၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ သာကေတ၊ ဒဂုံတောင်ပိုင်း၊ လမ်းမ

တော်၊ ပန်းပဲတန်း၊ ဒဂုံ၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့ပိုင်း၊ ပုဇွန်တောင်၊ ဒေါပုံ၊ သင်္ဃန်း ကျွန်း၊ စမ်းချောင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ ရန်ကင်း၊ မြောက်ဥက္က လာပ၊ လှိုင်သာယာ စသည့် မြို့နယ် ၃၀ မှ အိမ်တိုင် ရာရောက်စနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး မိမိတို့ ဝယ်ယူလိုသည့် ထုတ်ကုန်ပစ္စည်းကို အော်ဒါမှာယူအပြီး သုံးရက် အတွင်း အိမ်အရောက် ပို့ဆောင်ပေးမည် ဖြစ်သည်။

“အော်ဒါမှာမယ်ဆိုရင် ကျွန်တော်တို့ ဖေ့စ်ဘုတ်မှာ ကြော်ငြာထားတဲ့ ထုတ်ကုန်ပစ္စည်းတွေရဲ့  iteam code နံပါတ်ကို မှတ်သားပြီး ဖေ့စ်ဘုတ် chat ကနေဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ တိုက်ရိုက်မှာယူနိုင်ပါတယ်။  စမှာကတည်းက လိုချင်တဲ့အရောင်၊ အမျိုးအစားစတာတွေကို ကျွန်တော်တို့က သေချာမေးပါတယ်။ သေချာတယ် Confirm  ဖြစ်တယ်ဆိုရင် အော်ဒါမှာယူပြီး နှစ်ရက်နဲ့ သုံးရက်အတွင်းအရောက်ပို့ ပေးပါတယ်။ ပိုက်ဆံကတော့ ပစ္စည်းလက်ခံရရှိ မှဘဲပေးရမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက် ရှင်းပြသည်။

အော်ဒါမှာယူလိုသူများ အနေဖြင့် Technoland ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည့် ထုန်ကုန်ပစ္စည်းများ၏ အော်ဒါ နံပါတ်ကို မှတ်သားကာ Facebook မက်ဆေ့ခ်ျဖြင့်ဖြစ်စေ၊ ၀၉၉၇၀၀ ၃၅၁၀၁~၁၀ သို့ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ် မှာယူနိုင်မည်ဖြစ်သည်။