Amazon Fire HD 10

amazonfirehd10-SH-ytimg-2015nov2..jpg

USD 229.99

အားသာချက်

Amazon Fire HD 10 သည် Prime ဝန်ဆောင်မှု သုံးစွဲသူများကို library အတွင်းရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲများ လွယ်ကူစွာကြည့်ရှုခြင်း သို့မဟုတ် download ပြုလုပ်နိုင်သည်။ ထို့အပြင် Amazon သုံးစွဲသူများအတွက် သီးသန့်အခမဲ့ ဂိမ်းများလည်း download ပြုလုပ်နိုင်သည်။ Amazon Fire HD 10 တွင် စွမ်းဆောင်ရည်မြင့် စပီကာနှင့် storage ထပ်မံတိုးချဲ့ အသုံးပြုနိုင်ရန် microSD slot ပါဝင်သည်။ ၎င်း tablet တွင် မိသားစုအတွင်း ကလေးများ အသုံးပြုမှုကို ကန့်သတ်နိုင်သော parental control များပါဝင်သည်။

အားနည်းချက်

Amazon Fire HD 10 ၏စွမ်းဆောင်ရည်သည် app များ download ပြုလုပ်သည့်အခါ နှေးကွေးသည်။ Tablet ကို ပလတ်စတစ်ဖြင့် အဓိက ဖန်တီးထားသည်။

အသေးစိတ်ဖော်ပြချက်

မျက်နှာပြင် အရွယ်အစား ၁၀ လက်မအရွယ်ရှိ Amazon Fire HD 10 သည်ကုမ္ပဏီမှ ထုတ်လုပ်သမျှ tablet များအနက် အရွယ်အကြီးမားဆုံး ထုတ်ကုန်ဖြစ်သည်။ ၎င်း tablet ကိုအနက်နှင့် အဖြူဟူ၍ အရောင် ၂ မျိုးသာ ထုတ်လုပ်ထားသည်။ Tablet ကိုပြောင်လက်နေသည့် ပလတ်စတစ် ကိုယ်ထည်ဖြင့် ဖန်တီးထားထားသည်။ Amazon Fire HD 10 ၏ ညာဘက်အစွန်းတွင် ပါဝါခလုတ်၊ အသံအတိုးအကျယ်၊ Micro-USB port နှင့် head-phone jack တို့ပါဝင်လာသည်။ Fire HD 10 သည် Amazon Fire HDX 8.9 ထက် ပိုမိုပါးလွှာမှု ရှိသည်။

Fire HD tablet များတွင် Amazon ၏နောက်ဆုံးပေါ် Android အခြေခံ operating system ဖြစ်သော Fire OS 5 Bellini ကိုအသုံးပြု ထားသည်။ အဆိုပါ operating system တွင် အဆင့်မြှင့်တင်ထားသော UI သည်ဗီဒီယို ကြည့်ခြင်း၊ ဂိမ်းကစားခြင်းနှင့် စာဖတ်ရာတွင် ပိုမိုကောင်းမွန်လာပြီး အလွယ်တကူ အသုံးပြုနိုင်သည်။ ၎င်းတွင် Google OS ကိုပြင်ဆင် အသုံးပြုထားခြင်းကြောင့် Google Play store မှ Android app များကို အပြည့်အဝ သုံးစွဲခွင့် ရရှိမည်မဟုတ်ပေ။ သို့သော်လည်း Amazon App store တွင် app များစွာရယူနိုင်သည်။

Amazon Fire HD 10 တွင် Media Tek ARM Cortex A15 quad-core CPU; two 1.2GHz နှင့် two 1.5GHz, PowerVR Rogue G6200 GPU, RAM 1GB, internal storage 8GB သို့မဟုတ် 16GB နှင့် 128 GB အထိတိုးချဲ့ အသုံးပြုနိုင်သော microSD card slot တို့ပါဝင်လာသည်။ Fire HD 10 ၏မျက်နှာပြင် ရုပ်ထွက် အရည်အသွေးမှာ 1,280×800 pixel ဖြစ်သည်။ အဆိုပါ Fire HD 10 တွင် ကင်မရာ တစ်စုံပါဝင်လာပြီး ရှေ့ကင်မရာမှာ ရုပ်ထွက် အရည်အသွေးလျော့ပြီး ကျောဘက်ကင်မရာမှာ 5 megapixel ရှိပြီး ရုပ်ထွက်မှာ နိမ့်ပါးလွန်းသည်။

Fire HD 10 သည်စာအုပ်များ ဖတ်ရှုခြင်း၊ app ဖွင့်ခြင်းနှင့် အင်တာနက် အသုံးပြုရာတွင် အဆင်ပြေချောမွေ့သည်။ သို့သော်လည်း app မှ ဗီဒီယိုများ download ပြုလုပ်ရာတွင် နှေးကွေးသည်။ Tablet တွင် swipe နှင့် tap များပြုလုပ်ရာတွင် နှေးကွေးပြီး menu စာမျက်နှာကို load ပြုလုပ်ရာတွင် အနည်းငယ်နောက်ကျ လေ့ရှိသည်။

ဘက်ထရီ

Fire HD 10 ကို လုပ်ဆောင်မှု အမျိုးမျိုးအတွက် အသုံးပြုပါက ၈ နာရီအထိ သုံးစွဲနိုင်ကြောင်း Amazon မှပြောကြားခဲ့သည်။ Fire HD 10 ကို medium အလင်းဖြင့် Airplane  Mode ဖြင့်သုံးစွဲလျှင် ၇.၆ နာရီ သုံးစွဲနိုင်ကြောင်း သိရသည်။

Ref: CNET