Android ဖုန်းတွင် ကီးဘုတ် Shortcut အသုံးပြုခြင်း

07_TKK_Screenshot_User-Guide_6Nov2015.jpg

Android ဖုန်းနဲ့ စာရိုက်တဲ့အချိန်မှာ လွယ်လွယ်ကူကူနဲ့ လျှင်လျှင်မြန်မြန် စာရိုက်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Message ပို့တဲ့ အချိန်မှာပဲဖြစ်ဖြစ် Mail ပို့တဲ့အချိန် တွေမှာပဲဖြစ်ဖြစ် ဒီနည်းလမ်းဟာ အဆင်ပြေ လွယ်ကူစေမှာပါ။

စတင်ပြီး လေ့လာကြည့်ကြပါမယ်။ ဒီစနစ်ကို အသုံးပြုဖို့အတွက် ကိုယ့်ရဲ့ဖုန်းမှာ အဓိကလိုအပ်တာ ကတော့ Google Keyboard ဖြစ် ပါတယ်။ Google Keyboard မရှိတဲ့၊ မပါဝင်တဲ့ ဖုန်းတွေမှာဆိုရင် တော့ Google Keyboard ကို အ ရင်ဆုံး Download ပြုလုပ်ပြီး ထည့်သွင်းရပါလိမ့်မယ်။

အခြား ကီးဘုတ်တွေနဲ့ဆိုရင်တော့ Shortcut စနစ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲ ရှိတဲ့အတွက် ဖြစ်ပါတယ်။ Google Keyboard ကိုရရှိပြီ ဆိုရင်တော့ ပထမဆုံးအနေနဲ့ ဖုန်းရဲ့ Setting ထဲကိုသွားပါ။

Setting ထဲမှာ Language & Keyboard ဆိုတာရှိပါတယ်။ Google Keyboard ကို အသုံးပြုဖို့ ပြုလုပ်ရမှာဖြစ်တဲ့အတွက် Language & Keyboard ကိုဝင်ပါ။

Language & Keyboard ကို ဝင်လိုက်ရင် ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

Language & Keyboard ထဲ မှာ Google Keyboard ကိုအမှန်ခြစ် မှတ်သားပေးလိုက်ပါ။

ပြီးရင်တော့ Personal Dictionary ဆိုတာ ရှိပါတယ်။ Personal Dictionary ထဲကို ဝင်လိုက်ပါ။

Personal Dictionary ထဲမှာ ခုလိုမြင်တွေ့ရပါလိမ့်မယ်။

Add ကိုနှိပ်လိုက်ပါ။ အချို့ဖုန်းတွေမှာတော့ အပေါင်းလက္ခဏာ သင်္ကေတကို နှိပ်ရတာမျိုးရှိပါတယ်။ ပြီးရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

Type a word ဆိုတဲ့ နေရာမှာ ကိုယ်မှတ်သားချင်တဲ့ အသုံးများတဲ့ အင်္ဂလိပ်စာကြောင်းတွေကို ရိုက်ထည့်မှတ်သား နိုင်ပါတယ်။ ပြီးရင်တော့ အောက်ဘက်က Shortcut ဆိုတဲ့ နေရာမှာ ဒီစာကြောင်းအတွက် ဘာကိုနှိပ်ရင် ဒီစာကြောင်း ပေါ်လာမလဲဆိုတာကို  ကိုယ့်စိတ်ကြိုက် အတိုကောက် မှတ်သားပါ။ ပြီးရင်တော့ Save ကိုနှိပ်ပါ။ ဒါဆိုကိုယ့်ရဲ့ မှတ်သားမှုကို သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။ နောက်ထပ် ကိုယ်ထပ်မံ မှတ်သားလိုတဲ့ စာသားတွေကို Add လုပ်ပြီး မှတ်သားနိုင်ပါတယ်။ ဒီနေရာမှာ မှတ်သားထားတဲ့ အရာတွေကို ကိုယ်အသုံးပြုမယ့် Message နဲ့ အခြားစာရိုက် တဲ့နေရာမှာ အသုံးပြုရမှာဖြစ်ပါတယ်။

မှတ်သားမှုတွေ ပြီးပြီဆိုရင်တော့ ဥပမာအနေနဲ့ Message ထဲကိုသွားပါမယ်။ Message ထဲမှာ ကိုယ်မှတ်သားခဲ့တဲ့ စာသားရဲ့ အတိုကောက် စာလုံးကို ရိုက်လိုက်ရင် ရေးသားချင်တဲ့ စာကားလုံး ဒါမှမဟုတ် စာကြောင်းအရှည်တစ်ခုကို အလွယ်တကူ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီလိုမြင်တွေ့ရင် စာသားအရှည်ကို နှိပ်လိုက်တာနဲ့ ကိုယ်ရေးချင်တာကို ရရှိပြီဖြစ်ပါတယ်။