Middle-Earth: Shadow of Mordor Game of the Year

Middle-Earth-Shadow-of-Mordor-Game-of-the-Year-Edition12-NAL-online-gamereview-2015OCt29.jpg

နာမည်ကြီးဂိမ်းတွေ၊ ရောင်းအားကောင်းတဲ့ ဂိမ်းတွေအနေနဲ့ အခွေထွက်ပြီးနောက်ပိုင်းမှာ $30 မှ $40 တန်နီးပါး Season Pass နှင့် DLC (downloadable content) တွေ ရောင်းလို့ဝရင် main game နှင့် DLC တွေပေါင်းပြီး Game of the Year Edition (GOTY)တို့ Complete Edition/Definitive Edition တို့ အမည်တွေပေးပြီး ပြန်ရောင်းလေ့ ရှိပါတယ်။ အဲလိုပြန်ရောင်းတဲ့ထဲမှာမှ အချို့ဂိမ်းတွေကတော့ သူတို့ပြောသလောက်လည်း ဆုတွေ အများကြီးရထားလေ့မရှိပေမယ့် Warner Bros. Interactive ရဲ့ Middle-Earth: Shadow of Mordor ကတော့ ၂၀၁၄ နဲ့  ၂၀၁၅ အတွင်းမှာ ဆုပေါင်းအမျိုး  ၅၀ ကျော်ရထားလို့ Game of the Year Edition အမည်ပေးသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ DLC တွေအနေနဲ့ကလည်း Story Campaign Mode နှင့် Challenge Mode အသစ်တွေ အများကြီးပါလာတဲ့အတွက် main game ကစားပြီးသူတွေရော၊ လုံးဝ မကစားရသေးသူတွေအတွက်ပါ သင့်တော်တဲ့ ဂိမ်းသစ်ဖြစ်ပါတယ်။

Middle-earth: Shadow of Mordor မှာ ကစားသူဟာ မိစ္ဆာတပ်ဖွဲ့ခေါင်းဆောင် Sauron ရဲ့ Orc နှင့် Uruk အကောင်ဆိုးတွေရဲ့ စစ်တပ်တည်ရှိရာ Mordor ရဲ့ နယ်
စပ်မှ လူသားစစ်သည်တစ်ယောက်ဖြစ်သူ Talion နေရာမှ ဝင်ရောက်ကစားရမှာဖြစ်ပြီး Bright Lord အမည်ရ ဝိဉာဉ်ရဲ့ သဘာဝလွန် စွမ်းရည်တွေကို ပူးတွဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာကတည်းက Talion ရဲ့ မိန်းမနှင့်သားကို သတ်သွားတဲ့ Black Hand of Sauron အမည်ရ Sauron ရဲ့ Captain တစ်ယောက်နှင့်အတူ အခြားအဖွဲ့ခေါင်းဆောင် Captains တွေနဲ့ ရန်သူစစ်တပ်ကို လက်စားချေရန်နှင့် Mordor အတွင်းအဖမ်း ခံထားရသော လူသားများကို ခရီးထွက်ပုံမှ ဇာတ်လမ်းကို စတင်ထားပါတယ်။ ဇာတ်လမ်းတစ်ခုလုံးနီးပါး Mordor မှာ ကစားရမှာဖြစ်ပြီး အချို့ Fantasy Open World ဂိမ်းတွေလို လူသားဇာတ်ကောင်တွေ၊ အဆောက်အဦး အကြီးစားတွေ၊ လှပတဲ့ ရှုခင်းတွေအများကြီး မပါဝင်ဘဲ ကွင်းပြင်ကျယ်၊ တောင်တန်းနှင့် လိုဏ်ဂူတွေသာ အဓိကပါဝင်မှာ ဖြစ်ပေမယ့် ကောင်းမွန်တဲ့ graphics ပိုင်းနှင့် lighting effect နဲ့ ရာသီဥတု weather effect တွေ ပါဝင်လို့ သွားလာလို့ ကောင်းတဲ့ Mordor နယ်မြေတစ်ခုဖြစ်တာ တွေ့ရပါတယ်။

The Bright Lord DLC မှာတော့ ကစားသူဟာ Second Age ရဲ့ Elven Lord ဖြစ်သူ Celebrimbor နေရာကနေ ဝင်ရောက် ကစားရမှာဖြစ်ပြီး Sauron နဲ့ တိုက်ခိုက် ရမှာဖြစ်လို့ main story mode က Boss Fight တွေထက် ပိုပြီး ကစားလို့ကောင်းတာ တွေ့ရပါတယ်။ Runes နှင့် Abilities တွေကလည်း ပုံစံအသစ်တွေကို အစကနေ ပြန်ဆော့ရမှာဖြစ်လို့ Campaign အသစ်ကစားရတဲ့ ပုံစံမျိုးဖြစ်နေပြီး အရင်ထက်ပိုခက်အောင် လုပ်ထားပါတယ်။ အရင် main story mode မှာဆိုရင် Orcs အများစုကို ကိုယ်တိုင် မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်မှာဖြစ်သလို branding လုပ်မယ်ဆိုရင်လည်း Stealth ပုံစံလောက်တဲ့ လုပ်ရုံ လုံလောက်ပါတယ်။ The Bright Lord DLC မှာတော့ Orcs တွေကို ကိုယ့်ဘက်ပါအောင် branding အရင်လုပ်ထားပြီး တိုက်ခိုက်မှသာ ရန်သူတွေကို နိုင်ဖို့ အခွင့်အရေး ပိုများမှာပါ။ The Lord of the Hunt မှာတော့ Torvin အမည်ရ Dwarf နှင့်ပေါင်းပြီး ရန်သူ Warchiefs တွေကို နှိမ်နှင်းရတဲ့ ပုံစံကစားရမှာဖြစ်ကာ ရန်သူဒီဇိုင်းသစ်တွေလည်း အများကြီး ပါဝင်ထားပါတယ်။

Shadow of Mordor ရဲ့အဓိက စိတ်ဝင်စားဖို့ အကောင်းဆုံး gameplay features ကတော့ Nemesis System ဖြစ်ပြီး ရန်သူ Orc နှင့် Uruk အစရှိတဲ့ ဇာတ်ကောင်တွေ ဟာ တစ်ယောက်ချင်းဆီ ပုံစံကွဲပြားတဲ့ တိုက်ခိုက်ဟန်တွေ၊ မျက်နှာသွင်ပြင်နဲ့ စကားပြောပုံတွေ တူညီမှာ မဟုတ်သလို သူတို့ဟာ Talion ကို ဇာတ်လမ်းတစ်လျှောက် လိုက်လံ စိန်ခေါ်တိုက်ခိုက်နေမှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ A.I စနစ်ကြောင့် Talion ကြောင့် ဒဏ်ရာရထားသူတွေဟာ အမာရွတ်တွေနဲ့ ပြန်လာမှာဖြစ်သလို Talion ကို နိုင်ဖူးလို့ ရာထူးတက်ထားတဲ့ ရန်သူတွေကလည်း အရင်ထက် ပိုကောင်းတဲ့ လက်နက်၊ level အမြင့်စားတွေနဲ့ပြန်လာမှာ ဖြစ်ပါတယ်။ ဥပမာ – ပထမ ရိုးရိုးမြားနဲ့ တည့်ပစ်တဲ့ Goblin က ရာထူးတက်သွားရင် ပေါက်ကွဲစေတဲ့ explosive မျှားတွေနဲ့ပြန်လာမှာပါ။ Sauron ရဲ့ စစ်တပ်အတွင်းမှာပင် ရန်သူအချင်းချင်းကလည်း ရာထူးတွေလုပြီး တိုက်ခိုက်နေမှာမို့လို့ Captains နှင့် Warchiefs ရာထူးတွေက အမြဲပြောင်းလဲနေမှာ ဖြစ်သလို ရန်သူတွေကို စိတ်ညို့ပြီးတော့လည်း
အချင်းချင်း တိုက်ခိုက်ဖို့၊ ခေါင်းဆောင်ကို လုပ်ကြံ ဖို့တွေ စေခိုင်းနိုင်မှာဖြစ်ပါတယ်။

Combat gameplay ပိုင်းကို ကြည့်မယ်ဆိုရင်တော့ Batman Arkham Series နှင့် Assassin’s Creed Series တို့လိုမျိုး Attack နှင့် Counterattack button တို့ကိုပေါင်းစပ်ပြီး ရန်သူတွေကို တိုက်ခိုက်ရမှာဖြစ်ပေမယ့် Sauron ရဲ့ စစ်တပ်အတွင်းက ရန်သူတွေကတော့ အခြားဂိမ်းတွေက ဇာတ်ကောင်တွေထက် အသက်ပြင်း တာတွေ့ရပြီး finishing move ဖြင့် အမြန်သတ်မယ်ဆိုရင်တောင် ဘေးကရန်သူတွေရဲ့ အနှောင့်အယှက်မရှိမှ အချိန်ယူပြီး သတ်နိုင်မှာ ဖြစ်ပါတယ်။ အချို့တိုက်ပွဲတွေမှာ HP အရမ်းများတဲ့ Captain တွေနဲ့ တပ်သားတွေ ဝိုင်းနေမှာဖြစ်လို့ counter attack move ကို သတိထား အသုံးပြုရမှာဖြစ်ပြီး Talion ရဲ့ upgrade ပြုလုပ်နိုင်တဲ့ လက်နက် သုံးမျိုးဖြစ်တဲ့ Sword, Dagger နှင့် Wraith Arrow တို့ကို တိုက်ပွဲတိုင်းမှာ တွဲဖက် အသုံးပြုရမှာ ဖြစ်ပါတယ်။

Developer Monolith Production ရဲ့ Middle-Earth: Shadow of Mordor Game of the Year Edition ဂိမ်းသစ်ဟာ story ပိုင်းအနေနဲ့ Gollum နှင့် Bright Lord တို့လို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေ ပါဝင်ပေမယ့် ထူးထူးခြားခြား ဇာတ်လမ်းအဖြစ်အပျက်တွေ မပါဝင်ထားဘဲ Nemesis System နှင့် Combat Gameplay ကို ပိုပြီး အသားပေးထားတာ တွေ့ရပါတယ်။ Graphics ပိုင်းလည်း ကောင်းမွန်လို့ ထွက်ရှိထားသမျှ Lord of the Rings ဂိမ်းတွေထဲမှာ အကောင်းဆုံး ဂိမ်းတစ်ခုဖြစ်သလို J.R.R. Tolkien ရဲ့ ဇာတ်လမ်းတွေ နဲ့ မရင်းနှီးပေမယ့် Fantasy Action ဂိမ်းတွေ နှစ်သက်သူတွေပါသဘောကျမယ့် ဂိမ်းကောင်းတစ်ခုဖြစ်တာ တွေ့ရပါတယ်။