မလေးရှားနိုင်ငံ KDU University College တွင် Diploma in Interior Design ဘာသာရပ်ကို ၇၀ ရာခိုင်နှုန်းဖြင့် ပညာသင်ဆု ရရှိခဲ့သော

image-70534b7821704a9f13f2cfe3fb659ed56a0e7a2c1cee942e71368a36ee5914b1-V.jpg

ဒီအပတ်မှာတော့ မလေးရှားနိုင်ငံ KDU University College မှာ Diploma in Interior Design ဘာသာရပ်ကို ၇၀ ရာခိုင်နှုန်းနဲ့ ပညာသင်ဆု ရရှိခဲ့တဲ့ မောင်ဇင်မင်းမောင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးဆုံးခဲ့တဲ့ပညာသင်နှစ်နဲ့ ကျောင်းအမည်ကိုပြောပြပေးပါ။

ကျွန်တော် အ.ထ.က (၃) ဗိုလ်တထောင်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ဒုတိယနှစ်ပြီးထားပါ တယ်။

အခုလက်ရှိရွေးချယ်ထားတဲ့ ကျောင်းအမည်နဲ့ ရွေးချယ်ထားတဲ့ ဘာသာရပ်ကို ပြောပြပေးပါ။

မလေးရှားနိုင်ငံမှာရှိတဲ့ ပီနန်မြို့ KDU University College မှာ Diploma in Interior Design ကို Myanmar Search International (MSI) မှတစ်ဆင့် ပညာသင်ဆုနဲ့ ၂၀၁၅ ခုနှစ် ဧပြီလကစပြီး ကျောင်း တက်နေပါတယ်။

ဘာကြောင့် KDU (ပီနန်) ကို ရွေးချယ်ခဲ့တာလဲ။

နိုင်ငံတကာကကျောင်းသားတွေအတွက် ပညာသင်ဆုတွေကိုလည်း အများအပြားပေးတဲ့ အပြင် ကျောင်းရဲ့တည်နေရာက အေးဆေး တိတ်ဆိတ်တဲ့နေရာမှာ တည်ရှိတဲ့အတွက် စာသင်ကြားရာမှာ အေးချမ်းမှု ရှိတယ်။ ဆရာ၊ ဆရာမတွေကလည်း ဒီမလေးရှားနိုင်ငံတွင်းနဲ့ နိုင်ငံတကာက လာရောက် သင်ကြားတာတွေရှိတဲ့ အခါကျတော့ ကျွန်တော်တို့ စာသင်ကြားရတဲ့အခါမှာ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ၊ ဖန်တီးနိုင်မှုတွေ အမြင်ကျယ်စေတယ်။ ဆရာ၊ ဆရာမတွေကလည်း အသင်အပြကောင်းတယ် ဆိုတာ MSI ကသိရလို့ ကျွန်တော်ရွေးချယ်လိုက်တာပါ။ ကျောင်းရဲ့ Facilities တွေကလည်း စာသင်ကြားမှုအတွက် အထောက် အကူဖြစ်တာကြောင့် ဒီ KDU (ပီနန်) မှာ စာသင်ဖို့ရည်ရွယ်ခဲ့တာပါ။ အဓိကကတော့ MSI ရဲ့ Suggestion နဲ့ သူတို့ပေးတဲ့ Information ကို ယုံကြည်လို့ပါ။

KDU (ပီနန်) မှာပညာသင်ဆုရခဲ့လား။ ဘယ်လောက်ရခဲ့လဲ။ ပညာသင်ဆုကို ဘယ်မှာလျှောက်ခဲ့တာလဲ။ မြန်မာနိုင်ငံမှာလူငယ့်ကဏ္ဍ လှုပ်ရှားမှု ဘာတွေလုပ်ခဲ့လဲ။

KDU (ပီနန်) မှာ Interior Design ဘာသာရပ်ကို ၇၀ ရာခိုင်နှုန်း ပညာသင်ဆုရခဲ့ပါတယ်။ အဲ့ဒီပညာသင်ဆုရအောင် MSI နိုင်ငံခြားပညာရေး ဝန်ဆောင်မှုမှာ ဝင်ရောက်လျှောက်ထားခဲ့ပါတယ်။ ကျွန်တော်မလေးရှားမသွားခင် မြန်မာနိုင်ငံမှာလူငယ့်ကဏ္ဍအနေနဲ့ ကျွန်တော်ပရဟိတအသင်းနဲ့အတူ တစ်လတစ်ခါ ဘိုးဘွားရိပ်သာတွေ၊ မိဘမဲ့ဂေဟာတွေနဲ့ မပြည့်စုံတဲ့နေရာတွေမှာ ပရဟိတလုပ်ငန်းတွေလုပ်ကိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ထိတက်ခဲ့ပြီးမှ ဘာကြောင့် Interior Design ဘာသာရပ်ကို ပြောင်းလဲရွေးချယ်ခဲ့တာလဲ။

ကျွန်တော်တက်ချင်ခဲ့တာတော့ ပထမဦးစားပေးက Interior Design ဘာသာရပ်ပေါ့နော်။ ဒါပေမဲ့ အဲ့ဒီဘာသာရပ်က ကျွန်တော်တို့မြန်မာနိုင်ငံမှာ သိပ်မထွန်းကားသေးတဲ့ အခါကျတော့ ကျွန်တော့်ရဲ့ဒုတိယဦးစားပေးဖြစ်တဲ့ ကွန်ပျူတာတက္ကသိုလ်ကိုတက်ခဲ့တာ။ ဒီနေ့ခေတ်ဟာ အိုင်တီနည်းပညာ ဘာသာရပ်တွေ ထွန်းကားလာတယ်။ လူငယ်တွေ အတော်အများကလည်း ကွန်ပျူတာကိုအသုံးပြုပြီး Software တွေ၊ Application တွေ၊ Design မိုက်တဲ့ဝက်ဘ်ဆိုက်တွေ၊ Coding ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ခေတ်မီတဲ့ System တွေပြုလုပ်လာကြတယ်။ အဲ့ဒီတော့ ဒုတိယဦးစားပေးဖြစ်တဲ့ ဒီဘာသာရပ်ကို ကျွန်တော်စိတ်ဝင်စားတယ်ဖြစ်ပြီး ရွေးချယ်မိခဲ့တာပေါ့။ နောက်ပိုင်းမှာ ကျွန်တော်ငယ်ငယ်လေးကတည်းက ဝါသနာပါတဲ့ Interior Design ဘာသာရပ်ဟာ နိုင်ငံခြားမှာသွားရောက် သင်ကြားနိုင်တယ်ဆိုတာကိုသိပြီးလာခဲ့တယ်။   မိဘတွေကလည်း ပံ့ပိုးပေးမယ်ဆိုတဲ့အခါကျတော့ ကျွန်တော် ကွန်ပျူတာတက္ကသိုလ်ကနေ ထွက်ပြီး MSI ကတစ်ဆင့် Interior Design ဘာသာရပ်ကို ပညာသင်ဆုလျှောက်ထားပြီး ကူးပြောင်း သင်ကြားခဲ့တာပါ။

KDU မှာကျောင်းမတက်ခင် အင်္ဂလိပ်စာကို ဘယ်လိုကြိုတင်လေ့လာခဲ့လဲ။

KDU University College (ပီနန်) ကိုမသွားခင်မှာ ကျွန်တော်က အစိုးရကျောင်းကဆင်းတာဖြစ်တဲ့အတွက်   အင်္ဂလိပ်စာကိုအပြင်မှာပဲ သင်တန်းတွေတက်၊ ဆရာခေါ်ပြီးသင်ကြားခဲ့တယ်။ KDU ကိုမသွားခင်ကြားထဲမှာလည်း IELTS စာမေးပွဲဖြေဆိုဖို့အတွက် ကြိုတင်လေ့လာ သင်ကြားဖြစ်ခဲ့ပါတယ်။

Interior Design နဲ့ကျောင်းပြီးသွားခဲ့ရင် အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ ဘယ်လိုနေရာတွေမှာလျှောက်ထားလို့ရလဲ။

Interior Design နဲ့ကျောင်းပြီးသွားတဲ့အခါ အလုပ်အကိုင်အခွင့် အလမ်းက အရမ်းကောင်းပါတယ်။ ကိုယ့်မြန်မာနိုင်ငံမှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ Interior Designer တစ်ယောက်အနေနဲ့ ကိုယ်ပိုင်အလုပ်ထူထောင်တာပဲဖြစ်ဖြစ်၊ နာမည်ကြီးကုမ္ပဏီတွေမှာပဲ ဝင်ရောက်လုပ်ကိုင်တာပဲဖြစ်ဖြစ် ဝင်ငွေ လစာကောင်းပါတယ်။ မြန်မာနိုင်ငံမှာလည်း Civil၊ Architecture က လူငယ်တွေအရမ်းစိတ်ဝင်စားလာကြတော့ အဲ့ဒီနှစ်ခုနဲ့အတူ ကျွန်တော်တို့ Interior Designer ပါ မရှိမဖြစ်စိတ်ဝင်စားလာရမယ့် ဘာသာရပ်တစ်ခုဖြစ်လာတယ်။ ကျွန်တော်တို့ Interior Designer အနေနဲ့လည်း Civil၊ Architecture လိုမျိုး အလုပ်အကိုင်အခွင့်အလမ်းတွေ အားသာလာတယ်။ ကျွန်တော်အခုတက်နေတဲ့ ပီနန်မြို့က KDU ကျောင်းမှာက Internship ကာလ ၆ လပါရှိမှာဖြစ်တဲ့အတွက် ကိုယ်တကယ် လုပ်ငန်းခွင်ရောက်တဲ့အခါမှာ အများကြီးအကျိုးကျေးဇူးရတယ်။ အလုပ်လျှောက်တဲ့အခါမှာလည်း Architectural Interior Designer, Space Planner အခန်းတစ်ခုချင်းစီရဲ့ Designer စသဖြင့် ရွေးချယ် လျှောက်ထားနိုင်ပါတယ်။

Interior Design ဘာသာရပ်ကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။

Diploma in Interior Design တန်းကိုရွေးချယ်ခဲ့တဲ့အကြောင်းရင်းက ကျွန်တော်ငယ်ငယ်တည်းက ၀ါသနာတစ်ခုလည်းဖြစ်တဲ့အပြင် ကျောင်းပြီးတဲ့ အခါမှာဖြစ်လာမယ့် လုပ်ကိုင်ရမယ့်လုပ်ငန်းခွင်နဲ့ အလုပ်အကိုင်တွေကိုသဘောကျတဲ့အတွက် ရွေးချယ်ခဲ့တာပါ။

ကျောင်းပြီးတဲ့အခါ Bachelor တန်းဆက်တက်ဖို့ စဉ်းစားထားလား။

ကျောင်းပြီးတဲ့အခါမှာ Bachelor တန်းဆက်တက်ဖို့ စိတ်ကူးထား ပါတယ်။ ကျွန်တော့်အဖေနဲ့အမေကလည်း ကျောင်းတက်ဖို့ပံ့ပိုးပေးမှာ ဖြစ်တဲ့အတွက် ကျွန်တော်ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်မှာပါ။

နိုင်ငံခြားမှာ Interior Design တက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက်  Interior Design ကိုမတက်ခင် မြန်မာနိုင်ငံမှာ ဘာတွေ ကြိုတင်ပြင်ဆင် ထားရမလဲ။

နိုင်ငံခြားမှာ Interior Design တက်ချင်တဲ့ ကျောင်းသား၊ကျောင်းသူ တွေအတွက် မြန်မာနိုင်ငံမှာကတည်းက Auto CAD, Sketch up Soft-ware တွေ အခြေခံ သဘောတရားလောက် သုံးတတ်ဖို့တော့လိုပါတယ်။ စဉ်းစားတွေးခေါ်နိုင်မှုတွေနဲ့ Idea ကောင်းကောင်းတွေလိုပါတယ်။ ကျွန်တော့်ရဲ့အမြင်မှာတော့ တကယ်ဝါသနာပါတဲ့သူတွေအတွက်က ဒီဘာသာရပ်ဟာအရမ်းပျော်စရာကောင်းပြီး ကိုယ့်အတွက် အလုပ်အကိုင် ကောင်းကောင်းရနိုင်တဲ့အထိ Training ပေးနိုင်တဲ့အတွက် ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ထားဖို့တော့လိုပါတယ်။

အနာဂတ်ရည်မှန်းချက်နဲ့ ပြည်ပမှာကျောင်းသွားတက်မယ့်သူတွေကို အကြံပြုချက်လေးပြောပေးပါဦး။

ကျွန်တော့်ရဲ့အနာဂတ်ရည်မှန်းချက်ကတော့ အောင်မြင်ကျော်ကြားတဲ့လူအများရဲ့ ယုံကြည်အားထားမှုကိုရရှိတဲ့ Professional Interior Designer တစ်ယောက်ဖြစ်ချင်ပါတယ်။ အိပ်မက်တွေဖြစ်ခွင့်ရအောင် ကူညီပံ့ပိုးပေးခဲ့တဲ့ ကျွန်တော့်မိဘတွေနဲ့ နိုင်ငံခြားမှာပညာသင်ဆုနှင့် ကျောင်းသွားတက်ဖို့ရယ်၊ ဘာသာရပ်ရွေးချယ်မှုကိုမှန်ကန်အောင် Guideline ပေးပြီးအစအဆုံးကူညီပေးခဲ့တဲ့ “Myanmar Search International (MSI)” ပညာရေးဝန်ဆောင်မှုက အစ်မတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။