Instax mini Hello Kity Camera

Instax-mini-Hello-Kity-Camera1-WW-online-newproduct-2015OCT29.jpg

Instax mini ကင်မရာမှာ ဆယ်ကျော်သက်အရွယ်မှ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသမီးများကြားတွင် ရေပန်းစားလျက်ရှိသော ကင်မရာ အမျိုးအစားဖြစ်သည်။ Instax mini Hello Kity ကင်မရာသည် ယခင်နှစ် နိုဝင်ဘာလ၌ ဇာတ်ကောင်ပြုလုပ်ခြင်းနှစ် ၄၀ ပြည့်ခဲ့သော ကမ္ဘာကျော်ဇာတ်ကောင် Hello Kitty နှင့် ပူးပေါင်းကာ ထုတ်လုပ် ထားသော Instax mini ကင်မရာ အမျိုးအစားဖြစ်သည်။ ကင်မရာ၏ အရောင်အသွေးနှင့် လိုက်ဖက်ညီထွေသော လွယ်ကြိုး ပါရှိသည်။ အထူးဒီဇိုင်းများဖြင့် ထုတ်လုပ်ထားသော ဖလင်များ၊ ကင်မရာနှင့် ဓါတ်ပုံများကို အလှဆင်နိုင်သော စတေကာနှင့်အခြား ဆက်စပ်ပစ္စည်းများမှာ အထူးသီးသန့် အနေဖြင့်ပါဝင်သည်။ Hello Kitty ပုံသဏ္ဌာန်ကို ကင်မရာ၏ ဘူးခွံတွင် အသေးစိတ်ရေးဆွဲ အလှဆင်ထားသည်။ ဓာတ်ပုံရိုက်ကာချက်ချင်းထုတ်ယူ နိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၁၀၉,၀၀၀ ကျပ်ဖြစ်ပြီး KMD ဖုန်း၊ ၀၁- ၂၄၅၁၈၀ နှင့် ၃၈၅၁၇၇ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။